နှစ်လတိတိ ဆေးရုံမှာ နေခဲ့ပြီးတဲ့နောက်မှာ
ဆယ်ဟွန်း အိမ်သို့ပြန်ခွင့်ရခဲ့သည်။တက္ကသိုလ် ဒုတိယနှစ် ရောက်သည့်အခါ
ဆယ်ဟွန်း ..ကို ကျောင်းနားစေကာ
အိမ်ရဲ့ စီးပွါးရေးလုပ်ငန်းမှာပဲဆက်၍
ဦးစီးဖို့ အိမ်က အကြံပေးခဲ့သည့်
အတိုင်း လက်ခံခဲ့သလို..
ဂျုံအင့်အိမ်ကလည်း ဂျုံအင့်ရဲ့ ကျန်းမာရေး
အခြေအနေကြောင့် .. ကျောင်းတစ်နှစ်ခန့်
နားခိုင်းခဲ့သည်။အခုလက်ရှိကတော့ accident တုန်းက ရရှိသွားခဲ့တဲ့
ခေါင်းမှဒဏ်ရာအပြင် ၊ နောက်ထပ်
ခြေထောက်မှဒဏ်ရာကြောင့် နှစ်ကြိမ်တိတိ ခွဲခန်း
ပြန်ဝင်ထားရတာကြောင့် အိမ်မှာပဲ
အနားယူနေရဆဲဖြစ်ကာ.. အဖေဖြစ်သူနဲ့
အစ်မ ဖြစ်သူရှင်းပြသော အိမ်၏
စီးပွါးရေးလုပ်ငန်းသဘောတွေ ကို ဆယ်ဟွန်း
နည်းနည်းချင်းစီ ပြန်လည် သင်ယူနေရသည်။သူကျွမ်းကျင်ခဲ့တဲ့
အရာတွေဆိုပေမဲ့ အခုချိန်မှာတော့..
ခက်ခဲစွာ ပြန်ကြိုးစားနေရ၏။အိပ်ခန်းထဲထိ အစ်မဖြစ်သူ ကိုယ်တိုင်
လာပို့သည့် ညနေစာကို စားပြီးနောက် ဆယ်ဟွန်း
စာအနည်းငယ်ဖတ်နေသည့် အချိန်တွင်
ဖုန်းဝင်လာခဲ့သည်။ဂျုံအင့်ဆီက ဖြစ်နေတာကြောင့် ဆယ်ဟွန်း
ပြုံးလိုက်ပြီးမှ ဖုန်းကိုင်လိုက်မိသည်။ညနေ ၄ ကနေ ၆ အတွင်း ဂျုံအင်က
online course တစ်ခုကို
တက်နေခြင်းဖြစ်နေသည်။
သူပြီးမှ ဖုန်းဆက်တတ်တာမို့ ဆယ်ဟွန်း
စောင့်နေခဲ့ခြင်းသာ။"Class ပြီးပြီလား..ကျွန်တော့်ကလေးလေး.."
" အွန်း.."
ဂျူံအင့်အသံက တိုးတိုးလေးဖြစ်သည်။
" ညနေစာကရော .. ဖုန်းပြောပြီးမှစားမှာလား.."
" ဟုတ်တယ်.."
ဆယ်ဟွန်း လက်ထဲမှာ ကိုင်ထားတဲ့စာအုပ်ကို
ဘေးတွင်ချလိုက်မိသည်။ထို့နောက် အရှင်းမပျောက်သေးတဲ့ ခြေထောက်ကို
အသာဖိကိုင်ကာ ထိန်းလိုက်ပြီးမှ..
ခုတင််နောက်မှီတွင် ခပ်လျော့လျော့မှီနေမိရမှ..
သေချာ ထိုင်လိုက်၏။