တနေ့လျှင် သုံးကြိမ်မျှ roundလှည့်ပါသောသူ....။
မာမီတို့လူကြီးတွေနှုတ်မှ ခနခနချီးမွမ်းခန်းဖွင့်ခံနေရတဲ့သူ့နာမည်က...Kim Tae Hyungတဲ့။
Kim TaeHyungက တည်ငြိမ်ရင့်ကျက်တယ်။ဖော်ရွေပျူငှာတယ်။ယဥ်ကျေးသိမ်မွေ့တယ်။
ဟန်ဆောင်း ဆေးရုံအုပ်ကြီးရဲ့တစ်ဦးတည်းသောသား။
ဒီအချက်တွေက မာမီတို့ခနခနရေရွတ်နေကြစကားလုံးတွေ။
Kim TaeHyungက အတော်လေးကိုစိတ်ရှည်သည်းခံသည်ဆိုတာကတော့ ဒီဆေးရုံမှာနေတဲ့လေးရက်အတွင်းမှာ သိလာရသည်။
သူ့လို ခပ်ဂျစ်ဂျစ်လူနာကိုတောင် Kim Tae Hyungတို့ကအပြုံးတချက်မပျက်ပေ။
"ဟော...ဒေါက်တာလေး ရောက်လာပြီ..."
မာမီ၏ အယ်လဲဝမ်းသာနှုတ်ဆက်သံ။
သူက ခေါင်းငြိမ့်ပြလျက် သူ့မူပိုင်အပြုံးဖြင့်သာတုံ့ပြန်သည်။
ဒီနေ့တော့ duty coatမဝတ်ထားဘဲ...မီးခိုးရောင်ခပ်မှိုင်းမှိုင်းရှပ်လက်ရှည်ကို style pantထဲသို့ ထိုးထည့်ကာ သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားသည်။
ဆံပင်တို့ကိုမူ အလယ်မကျဘေးမကျပုံစံဖြင့်သေသပ်စွာဖြီးသင်ထားသည်။
အကျင်္ီကိုအထဲထည့်ဝတ်ထားတာကြောင့် သေးသွယ်သောခါးကို မြင်နေရပြီး ရင်ထဲ၌ လှပ်ကနဲဖြစ်သွားသည်။
သောက်ရတဲ့ဆေးကပြင်းလို့ ရင်တုန်တာနေမယ်။
သူက ထုံစံအတိုင်း pressureတိုင်း၍ သူလုပ်စရာရှိတာလုပ်နေသည်။
"အခြေနေက အများကြီး တိုးတက်လာပါပြီ.....မကြာခင်မှာ သက်သာသွားမှာပါ...."
အာပေးနှစ်သိမ့်သလို သူ၏အပြုံး....။
ငေးကနဲဖြစ်သွားပေမယ့် ချက်ချင်းပြန်ရုတ်သိမ်းလိုက်၏။
"အန်တီ...နေ့လည်စာမစားရသေးဘူးမလား..သွားစားလိုက်ပါ..အဲ့တာကို ကျွန်တော်ဆက်လုပ်လိုက်မယ်..."
မိမိစားရန် ပန်းသီးအခွံခွာနေသော မာမီ့ကို သူကလှမ်းပြောသည်။
"ဖြစ်ပါ့မလား ဒေါက်တာလေးရယ်...အားနာစရာကွယ်.."
"ဖြစ်ပါတယ် အန်တီရဲ့....သူက ကျွန်တော့patientပဲလေ...အစာလွန်ရင်ကျန်းမာရေးအတွက်မကောင်းဘူး!..အဲ့တာကြောင့် အန်တီက နေ့လည်စာ သွားစားလိုက်ပါ...."