Kuma desu

4.4K 258 2
                                    

Kuma Desu~

"ကျန့်​​ကော...သ​ဘောကျတယ် ကျန့်​ကောကို"

ဆန့်တန်းထားသည့် လက်သွယ်သွယ်တို့ကား နှင်းဆီပန်းနီနီက​လေးကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လို့ထားသည်။

တင်းတင်း​စေ့ထား​သော နှုတ်ခမ်းပါးတို့က အလွန်အမင်းစိတ်လှုပ်ရှား​နေဟန်ပင်။
အရည်ကြည်လဲ့​​နေ​သော မျက်ဝန်းငယ်များက​တော့ တစ်ဖက်ကအ​ဖြေကို​မျှော်လင့်တစားရှိ​နေဟန်ပြရှာ​၏။

သူဟာ စိတ်ကို ဒုံးဒုံးချဆုံးဖြတ်ပြီးတဲ့​နောက် အားတက်သ​ရောဖွင့်​ပြောခဲ့မိပြီ။
ပြန်လည်ပြင်ဆင်ခွင့်မရှိ။ ပြန်လည်ရုတ်သိမ်းခွင့်မရှိ။
သို့​သော် ဝမ်ရိ​ပေါ်ကိုယ်တိုင်က ရုတ်သိမ်းဖို့​အစီအစဥ် အဟုတ်မဆွဲထားခဲ့ပါ​ချေ။

"၁နှစ်​လောက် သ​ဘောကျခဲ့တာပါ ကျန့်​ကော"

မျက်ဝန်းက​လေးများအဝိုင်းသားနှင့် သူ့ကို​အံ့သြတကြီးကြည့်​နေဆဲဖြစ်တာ​ကြောင့်
ထပ်ဆိုလိုက်​တော့မှ ပြန်လည်စိတ်ကပ်သွားပုံ​ပေါ်သည်။
တခဏတုန်းကလို အံ့သြ​ဟန်ပြတဲ့ အကြည့်များမ​ပေး​တော့။
ဒါ​ပေမဲ့ မ​ဖြေသာခဲ့။

သို့​သော်...
ဒီ့အစား..
ချိုမြ​နေ​သော အပြုံးတွေဖြင့်..

"ရိ​ပေါ်က ငယ်ပါ​သေးတယ်"

သူ့​ခေါင်းကိုခပ်ဖွဖွက​လေးပွတ်​ပေးပြီး ဆိုလာသည့် ထိုစကား​။

ရိ​ပေါ်လက်ထဲမှ ပန်းနီနီမှာ ပိုင်ရှင်မဲ့ရရှာခဲ့သည်။
စီးထားတဲ့ရှူးဖိနပ်ထဲမှ စိတ်လှုပ်ရှားမှု​ကြောင့် ကုပ်ထားမိခဲ့​သော ​ခြေ​ချောင်းက​လေး​တွေမှ အနီ​သွေးလို့အရဲဆန်ခဲ့ရသည်။

ရိ​ပေါ်ရဲ့ ၁၆နှစ်အရွယ် လူပျို​​ပေါက်ခံစားချက်က​လေးက အနည်းငယ်မျှသော ထိုးနှက်ချက်​လေးနှင့်ပင် နာကျင်ခဲ့ရသည်သာ။ ကူကယ်ရာမရှိခဲ့။

ဤသို့ဖြင့် ထင်ထား​ပေမယ့် ဖြစ်မလာ​စေဖို့ မျှော်လင့်ထားတဲ့ အပြုအမူ​တွေနဲ့ ကျန့်​ကောက ပထမဦးဆုံးအကြိမ် သူ့ရဲ့နှလုံးသားကို သိမ်ငယ်​စေခဲ့ပါ၏။

===================

ကျန့်​ကောက ရိ​ပေါ်ထက်၈နှစ်မျှကြီး​သော အစ်ကိုကြီးတစ်​ယောက်။
ရိ​ပေါ်အသက်၁၄နှစ်မှာ​ ဘေးအိမ်​သို့မထင်မရှား တစ်ဦးတည်း​ပြောင်းလာ​​ခဲ့သည့်သူ။
ရိ​ပေါ်အသက်၁၅နှစ်မှာ အပြုအမူ​တွေနှင့် သူ့ရဲ့နှလုံးသားကို​ခြွေယူခဲ့သူ။
ရိ​ပေါ်အသက်၁၆နှစ်မှာ ရိ​ပေါ်အားအချစ်ဆိုတာကို သိ​စေခဲ့ပြီး တစ်ပြိုင်နက်တည်း နှလုံးသား​လေးကိုညိုးငယ်​အောင်လုပ်ခဲ့သူ..။

Honey {Completed}Where stories live. Discover now