Uniအရှင်နှင့်ကြင်ယာတော်လောင်း နံနက်စာသုံးဆောင်နေချိန်တွင် အထိန်းတော်ကြီးမှ
"မင်းကြီး အပ်ချုပ်ဆောင်က အထည်တွေရပြီလို့ လျှောက်တင်လာပါတယ်"
"ကောင်းပြီ ကိုယ်တော်တို့ နံနက်စာသုံးဆောင်ပြီးရင် ယူလာခိုင်းလိုက်"
"အမိန့်အတိုင်းပါ မင်းကြီး"
အထိန်းတော်ကြီးလဲ အရိုသေပေးကာ ထွက်သွားတော့တယ်
"အရှင် ဟို အခမ်းအနားက ဘယ်နေ့လဲဟင်"
"မနက်ဖြန်"
"ဗျာ"
"ဟုတ်တယ် တိုင်းသူပြည်သားအားလုံးကို မင်းက ကိုယ်တော့်ကြင်ယာတော်ဆိုတာကို အမြန်ဆုံးကြေညာချင်တယ်"
"ဟို အရှင် ကျွန်တော်ပြီးပြီ"
"အွန်း အထိန်းတော်ကြီး ထမင်းပွဲ လာသိမ်းပါ ပြီးရင် ဝတ်ရုံပါလာပို့ခိုင်းလိုက်"
"အခုဘဲ လုပ်ဆောင်လိုက်ပါမယ် မင်းကြီး"
အထိန်းတော်ကြီးလဲ ထမင်းပွဲတွေ သိမ်းပြီး အပ်ချုပ်ဆောင်ကို အထည်တွေယူလာဖို့ မိန့်လိုက်တယ်
"အရှင် အထည်တွေ ရောက်ပါပြီ"
"ကောင်းပြီ ဒီယူလာခဲ့"
အပ်ချုပ်မယ်လဲ မင်းကြီးဆီ အထည်ကို ယူလာတယ်
ဝမ်အရှင်လဲ အထည်ကို ယူပြီး ကျန့်ဘက်လှည့်ကာ
"ရော့ ဒီဝတ်ရုံကို စမ်းဝတ်ကြည့်"
"ဟုတ် အရှင်"
ကျန့်လဲ ဟမင်းကြီးဆီမှ အထည်ကို ယူပြီးနောက် လိုက်ကာနောက်ကို ဝင်သွားသည်။
"အရှင် ပြီးပါပြီ"
ဝမ်အရှင်လည်း အသံကြားလို့ကြည့်လိုက်တော့ အနီရောင်မဂ်လာဝတ်ရုံကို ဝတ်ဆင်ထားသော ကျန့်။သပ်ယပ်လှပသော မဂ်လာဝတ်ရုံသည် ကျန့်ဝတ်ဆင်လိုက်မှ ပို၍ ပနှံသင့်သွားသလို။သူငေးနေတာ ဘယ်လောက်ကြာသွားသည်မသိ ကျန့်ဆီက အသံကြားမှသာ သတိဝင်လာရသည်။
"ဟို အရှင် အဆင်ပြေရဲ့လားမသိဘူး"
အရှက်ပြေချောင်းတချက်ဟန့်ပြီး
YOU ARE READING
Wang King ' s Rabbit Empress🐇
Historical Fictionကိုယ်တော့်ဘဝမှာ မင်းကသာ ကိုယ်တော့်ရဲ့အရာရာမို့ မင်းကို ထိတဲ့သူမှန်သမျှ တယောက်မှ အသက်မရှင်စေရဘူး။ #Wang Yibo အရှင် ကျနော်တို့ နှစ်ယောက်က ဘယ်လိုမှမပေါင်းဖက်နိုင်တဲ့ အခြေအနေဆိုပေမဲ့ အရှင်ကတော့ ကျနော့ကိုဘဲ ရွေးချယ်မယ်ဆိိုတာ ကျနော် ယုံကြည်ပါတယ်။ #Xiao Zh...