တိမ်တွေနေတဲ့ အရပ်ဆီ.....
လွန်ခဲ့သောသုံးရက်လောက်ကပေါ့ တိမ်တိုက်ရောင်အိမ်ကနေTaxiငှားကာဆေးရုံတစ်ခုသို့လာခဲ့သည်။ခုတလောဘာလုပ်လုပ်အရမ်းကိုမောဟိုက်နေတာကြောင့်ပင်။TheFurtureဆိုတဲ့ဆေးရုံရှေ့ရောက်တော့ကားရပ်ခိုင်းပြီး ဆေးရုံထဲသို့ဝင်လာခဲ့သည်။
"ဒေါက်... ဒေါက်"
တိမ်တိုက်ရောင် အထဲမှခွင့်ပြုချက်ရသည်နှင့်အခန်းထဲသို့ဝင်သွားလိုက်သည်။
"အော် တိမ်တိုက်ရောင်ပဲလာလေ ဒီမှာထိုင်"
"ဟုတ်ကဲ့"
"ကဲပြောပါအုန်း ဘာဖြစ်လို့လဲ"
"ဟိုလေဒေါက်တာ ကျွန်တော်ခုတစ်လော အရမ်းမောမောနေလို့"
"ဟင်ဟုတ်လား နှလုံးအားနည်းတာများဖြစ်မလား ဒေါက်တာကြည့်ပေးမယ်နော်"
ခနကြာတော့အကုန်စစ်ဆေးပြီးသွားကာ တိမ်တိုက်ရောင်ခုံတန်းပေါ်တွင်ဆေးစစ်တဲ့အဖြေကိုစောင့်နေလိုက်သည်။
"တိမ်တိုက်ရောင် ဒီမှာပါ"
တိမ်တိုက်ရောင်ဆေးစာရွက်ကိုကြည့်လိုက်လေသည်။
ဟင်!!!!!
တိမ်တိုက်ရောင်လက်များကတုန်ရီလာတော့သည်။
"စိတ်မကောင်းပါဘူး တိမ်တိုက်ရောင် မင်းဒါကိုအမြန်ဆုံးကုသမှရမယ်"
"ဒါမယ့် ဟင့် ဘယ်သူ့ကကိုယ့်အသက်ကိုဆုံးရှုံးခံပြီး သူ့နှလုံးကိုပေးမှာလဲ"
"နှလုံးကုသိုလ်ရှင်ပေါ်တာနဲ့ ချက်ချင်းအကြောင်းကြားပေးပါမယ် အက်လောက်ကြီးစိတ်မပူပါနဲ့"
"ဟိုလေဒေါက်တာ ကျွန်တော့်ကိုတစ်ခုလောက်ကူညီပေးလို့ရလားဟင်"
"အင်းပြောကြည့်လေအတတ်နိုင်ဆုံးကူညီပေးပါ့မယ်"
"ကျွန်တော်အခုလိုဖြစ်တာ ကိုေခတ်းမပြောပြပါနဲ့နော်"
"ဒါမယ့်... "
"တောင်းဆိုပါတယ်ဒေါက်တာရယ် ဒီတစ်ခုပဲကူညီပေးပါနော်"
"အင်းပါ အမှန်တရားတွေကတစ်နေ့ကျရင်တော့သူ့ဘာသာပေါ်လာမှာပဲ"
YOU ARE READING
တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)
Romanceတိမ်တိုက်ရောင် "အထီးကျန်ခြင်းဆိုတာ ကိုကိုယ်တိုင်ဖန်တီးလို့ အထီးကျန်ရတာပါပဲ။လူတိုင်းက ပျော်ရွှင်အောင်နေလို့ရပါတယ်။အက်ဒီပျော်ရွင်မှုက ကိုယ်ချစ်တဲ့သူ ကိုယ်မြတ်နိုးတဲ့သူတွေနဲ့သာ ကုန်ဆုံးရင် မင်းေလာက်ပျော်ရွှင်ဖို့ကောင်းတဲ့သူ ဒီကမ္ဘာမှာ မရှိတော့ဘူးပေါ့"...