လူတွေဟာ ဘယ်လိုအခြေအနေမျိုးမှာ စီးကရက် သောက်ချင်စိတ်အဖြစ်ဆုံး ဖြစ်မယ် ထင်လဲ။
စိတ်တွေအရမ်းရှုပ်ထွေးပြီး ဝေခွဲမရတဲ့ အချိန်
နောက် တစ်စုံတစ်ခု တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းရတဲ့ အချိန်ရိုးရိုးရှင်းရှင်းဘဲတွေးလိုက်ပါ။
ဂျူဟျွန်း သူ့အပြင် စီးကရက်တွေကို စွဲလမ်းတတ်လာတာ သူ့ကြောင့်ပင်ဖြစ်သည်။-
ဆိုပါစို့ မင်းရဲ့ဘ၀မှာ အဲ့လူကသာ အရာရာဖြစ်နေပေမယ့် သူ့ဘ၀ထဲမှာတော့ မင်းက စိတ်အပန်းလာဖြေရာနေရာတစ်ခုသက်သက်ထက် မပိုခဲ့ရင်ရော သူ့မှာ သူပြန်ရမယ့် အိမ်သက်သက်ရှိနေခဲ့ပြီးပြီဆိုရင်ရော။
ဘာဆက်လုပ်မလဲ။စီးကရက်ကို ရှိုက်ပြီး စဉ်းစားကြည့်...
မင်းဘ၀ထဲကို မီးခိုးငွေ့တစ်ခုလို ၀င်လာမယ်
မီးခိုးငွေ့တစ်ခုလိုဘဲ ပြန်ထွက်သွားမယ်။အစမှာတော့ အဲ့အငွေ့တွေဟာ မင်းရဲ့ အသက်ရှူလမ်းကြောင်းကို ဒုက္ခပေးလိမ့်မယ်။
ဒါပေမယ့် မင်းမစွန့်လွှတ်သေးဘူး။
နောက် အဆင်ချောချောနဲ့ မင်းခန္ဓာကိုယ်ဆီ တိုး၀င်လာမယ်။
မင်းနဲ့တစ်သားတည်းလို့ ခံစားရအောင်ထိ။
သူ့ပယောဂ တစ်ချက်လေးမှမပါ၀င်ဘဲ ဒဏ်ရာတွေကို မင်းစွဲလမ်းလာမယ်။
ဘာအရေးလဲ။ သူမင်းဆီက တစ်ရက်ထွက်သွားမှာဘဲမလား။
သူကတော့ လှပတဲ့ကောင်းကင်ကြီးဆီ ပျံဝဲနေတဲ့အချိန် မင်းမှာတော့ သူ့ပေးခဲ့တဲ့ဒဏ်ရာတွေနဲ့ သေလုနီးပါးဖြစ်နေမှာလေ။
မတရားဘူးလို့ မင်းထင်လား။
မတတ်နိုင်ဘူး မင်းသူ့ကိုစွဲလမ်းခဲ့တာကိုး။
သူထွက်သွားမယ်မှန်း သိသိနဲ့
ဒဏ်ရာတွေ ရမယ်ဆိုတာ သိသိနဲ့
မီးပုံထဲတိုး၀င်ခဲ့တာမင်းဘဲလေ။စီးကရက်တွေကို ချစ်ရတာ ဒီလိုဘဲလေ။
စီးကရက်နဲ့တူတဲ့ လူကို ချစ်ရတာလည်း ဒီလိုဘဲပေါ့။အခန်းထဲမှာ စီးကရက်ငွေ့တွေဝေ့နေသည်။
မွေ့ယာဖြူဖြူပေါ်မှာ အဖြူရောင် စောင်ကို ပတ်ထားတဲ့ အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ကို မှောက်ထားရာမှ လက်ထောက်ကာ ဘေးအစွန်က စားပွဲခုံပုလေးပေါ်က ဆေးလိပ်ပြာခွက်ဆီ သူ့ဆေးလိပ်တိုရဲ့နောက်ဆုံးအသက်သွေးကြောကို ရှိုက်ယူပြီးနောက် ပြာခွက်ထံ အသက်ဝိဉာဉ်ကိုခြွေချတယ်။
YOU ARE READING
You, Cigarettes And Pain
Short Story"ချစ်တယ်လို့ပြော" "စိတ်၀င်စားဖို့ကောင်းတယ်ဆိုရုံလောက်နဲ့ မတင်းတိမ်တာမို့"