Ch 27

4.5K 383 15
                                    

  "အား ကျွတ် ကျွတ်...နာလိုက်တာ..၊"

ဂုတ်ပိုးဆီမှနာကျင်မှုကြောင့်နိုးထလာပေမဲ့ ကျောအောက်မှအိစက်စက်မွေ့ယာကြောင့် သူမရောက်ရှိနေသောနေရာသည် အိပ်ခန်းတစ်ခုဖြစ်ကြောင်းကိုသိလိုက်ရသည်။နာကျင်နေသောဂုတ်ပိုးကို လက်ဖြင့်ပွတ်သပ်ရင်း နှာခေါင်းဆီပျံ့နှံ့လာသောဟင်းနံ့မွှေးမွှေး​ကြောင့် ဘာမျှမစားရသေးသော သူမ၏ဗိုက်က ဆန္ဒပြလာသည်။

   "ငါဘယ်ရောက်နေတာပါလိမ့်၊"

သူမအခန်းကို လှည့်ပတ်ကြည့်မိတော့ အခန်းလေးက လေဝင်လေထွက်ကောင်းပြီး ပြတင်းပေါက်ဆီမှနေခြည်နွေးနွေးကိုအပြည့်အဝရရှိထားသောအိပ်ခန်းကျဥ်းလေးဖြစ်နေသည်ကိုတွေ့ရသည်။အိစက်နေသောကုတင်ကျယ်တစ်ခုသာရှိပြီး အခန်းထဲတွင်အရာရာ ဗလာကျင်းနေသည်။

ခပ်ဟဟပွင့်နေသော တံခါး၏တစ်ဖက်ခြမ်းမှရနေသောရနံ့နှင့်အသံခပ်တိုးတိုးတို့ကြောင့် လူရှိမယ်မှန်း သူမ သိလိုက်သည်။ထို့ကြောင့် သူမအိတ်ကပ်ထဲက သေနတ်ကိုစမ်းကာ ထုတ်ယူရန်ပြင်လိုက်သည်။သို့သော် သူမအိတ်ကပ်ထဲတွင် ဘာမျှမရှိပဲ ဗလာသာ။ကြည့်ရတာ တိုက်ကြခိုက်ကြရင်း သူမ၏လက်ထဲမှထွက်ကျသွားပုံပေါ်သည်။အဲ့တာမှဒုက္ခဖြစ်သည်၊ သူမတွင်လက်နက်ကမရှိသလို အိမ်ထဲတွင်ရှိနေသော နောက်ထက်သက်ရှိကလဲ လူကောင်းလား လူဆိုးလား သူမ မသိပေ။ထို့ကြောင့် အခန်းတွင်းဝေ့ဝဲကြည့်လိုက်ရာ ကုတင်ဘေးရှိစားပွဲပေါ်တွင်တင်ထားသော မီးအိမ်လေးကိုတွေ့လိုက်ရလေသည်။

မီးအိမ်လေးသည် ပုပုလုံးလုံးလေးဖြစ်သော်လဲ အလေးချိန်ကစီးလှသည်။သူမလဲ ထိုမီးအိမ်ကိုကိုင်ကာ သတိအနေအထားဖြင့် မီးဖိုချောင်ထဲသို့ ခိုးကြောင်ခိုးဝှက် ချဥ်းကပ်သွားလိုက်သည်။မီးဖိုချောင်သည် အခန်းကျဥ်းလေးကို ကန့်ထားခြင်းဖြစ်ပြီး ထိုအခန်းထဲမှာပင် ထမင်းစားပွဲကလဲရှိနေသည်။သူမ ရှိရာဆီကျောပေးကာ ချက်ပြုန်နေသူက အေပရွန်စီးထားသော အမျိုးသားတစ်ဦးဖြစ်ဟန်တူသည်။ထိုအမျိုးသားတွင် ကုတ်ထိရှည်သောဆံပင်များရှိပြီး တစ်ဝက်ခန့်ကိုကပိုကရိုစည်းနှောင်ထားလေသည်။ဝတ်ထားသော T shirtခဲရောင်အောက်မှ ဗလတို့ကထင်းထွက်နေကာ ဟင်းအိုးကိုဇွန်းဖြင့်မွှေလိုက်တိုင်း လက်မောင်းကြွက်သားများကတင်းခနဲ။

ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]Where stories live. Discover now