Date Night

1.2K 118 39
                                    

[Unicode]

December 30
ဒီနေ့သည် ကိုကို့၏မွေးနေ့ဖြစ်သည်။
ကိုကို့ဆီမှ အချစ်များကို စုပုံရထားသော်လည်း မကျေနပ်နိုင်သော တစ်စုံတစ်ယောက်က surprise တွေ ပြင်ဆင်နေသည်ကိုပင် မသိနိုင်အောင် ကိုကိုကတော့ အလုပ်များနေသည်။

အလုပ်များလွန်းသော ကိုကိုက အခုဆို ဂျောင်ကု ဘနားနားမစ်တွေ ခိုးသောက်နေတာတောင် ဂရုမစိုက်တော့ဘူး။ အရင်ကဆို တစ်နေ့တစ်ဘူးပဲသောက်နော် ဟုဆိုကာ ခေါင်းလေးပွတ်ပြီး ချော့ပေးသည့်ကိုကိုက အခုတော့ ရေခဲသေတ္တာထဲကိုသာ ဘနားနားမစ် တစ်ကဒ်ပြီးတစ်ကဒ်ထည့်ပေးနေတာက ဒါဂရုမစိုက်တော့တာပဲ။

စိတ်သေးသေးပိစိလေးက ကောက်နေသော်လည်း ဒီနေ့တော့ ကိုကို့အတွက် တိုးတိုးလေးကြိတ်ကာ မွေးနေ့ပွဲစီစဉ်နေသည်။ တကယ်တမ်းပြောရရင်တော့ ဂျောင်ကုက ကိုကိုဂရုမစိုက်လို့ စိတ်ကောက်နေတာထက် အလစ်တဲလ်လေး ဝမ်းနည်းနေတာ။ ဝမ်းနည်းလွန်းလို့ ပုံမှန်ဆို ကျောင်းကန်တင်းမှာ နေ့လည်စာသုံးပွဲလောက် စားနိုင်ပေမဲ့ အခုဆို နှစ်ပွဲခွဲပဲစားနိုင်တော့တဲ့အထိပဲ။

ဂျီမင်းကတောင် မင်းဖေဖေ <နိုး> ကိုကိုနဲ့ အဆင်မပြေဘူးလားတဲ့
တွေ့လား ဘေးလူတွေတောင် သိနေပြီ

ဒီနေ့မနက်လည်း ကိုကို့အနားကပ်ချွဲမလို့ကို 'ဂရုစိုက်နော် ကလေးလေး' ဆိုပြီး နဖူးကိုနမ်းပြီးတာနဲ့ ရုံးကိုတန်းပြေးသွားတာတဲ့လေ။ အမြဲတမ်း ပါးလေးနမ်းလိုက်၊ အဝတ်အစားကအစ အရိပ်တကြည့်ကြည့်နေတဲ့ ကိုကိုက ရုတ်တရက်ကြီး ဒီလိုပြောင်းသွားတာ မချစ်တော့လို့များလား နိုး နိုး မဟုတ်ပါဘူး
ကိုကိုက ဂျောင်ကုကို အရမ်းချစ်တာ

ဟုတ်တယ်..
အိုး အခုမှသတိရတာ ကိုကိုက ဂျောင်ကုနဲ့ မနက်စာစားရင်းတောင်းပန်သွားသေးတယ်လေ။

'ပရောဂျက်လေးတစ်ခုကို အပြီးသတ်နေရလို့ ကိုကိုအလုပ်များနေလို့ပါ ဘေဘီကလိမ္မာတယ်မလား
အလုပ်တွေပြီးတာနဲ့ သွားချင်တဲ့နေရာ အကုန်ပြော
အကုန်ကို လိုက်ပို့မှာ နော်
ကိုကို့ကိုခွင့်လွှတ်ပါ နော်' တဲ့

ဂျောင်ကုက အဲ့ကိစ္စလေးကိုမေ့ပြီး ကိုကိုကျောင်းလိုက်မပို့တာနဲ့ စိတ်ကောက်ပြီးလျှောက်တွေးနေမိတာပဲ။ အခုမှ စိတ်သက်သာရာရသွားတာနဲ့ ဂျောင်ကုပထမဆုံး လုပ်တဲ့အလုပ်က ကန်တင်းကိုပြေးတာပါပဲ။ မုန့်တွေအများကြီး စားရမယ်လေ။ ကိုကို့မွေးနေ့ကို ကောင်းကောင်းလုပ်ပေးဖို့လည်း တိုင်ပင်ရဦးမယ်။

You've reached the end of published parts.

⏰ Last updated: Apr 08, 2022 ⏰

Add this story to your Library to get notified about new parts!

 My Boyfriend is the cutest in this world | s h o r t s |Where stories live. Discover now