王(Part1)

75 8 2
                                    

Uni

နာကျင်ခြင်းမရှိတဲ့ချစ်ခြင်းဟာ ဘယ်လိုမျိုးပါလိမ့်...

အတူရှိနေရက် ဝေးကွာနေခြင်းဟာလည်း ခံစားတတ်တဲ့နှလုံးသားကို အစိတ်စိတ်အမွှာမွှာ ကြွေမွစေပြန်ပါပေါ့...

မချစ်ခဲ့ဘူးလို့ ချစ်ပေးပါလို့ မတောင်းဆိုပါဘူး...
ဒီအတိုင်းလေး သူရှိနေတဲ့အသိနဲ့ ရှင်သန်ချင်ရုံလေးပါ...

နာကျင်တာတောင် မေ့မပြစ်နိုင်တဲ့ အထိ စွဲဆောင်လွန်းတဲ့ ခင်ဗျားက လူတော်ကြီးပေါ့...

မပိုင်ဆိုင်ရပေမယ့် ခိုင်မြဲတဲ့ လက်တစ်စုံကို မလွှတ်တမ်း ဖမ်းဆုပ်ထားချင်မိတာ...

လျစ်လျူရှု ထားတာတောင် နေ့နေ့ညည အရူးတစ်ယောက်လို မျှော်နေခဲ့မိတာ သိရဲ့လား ခင်ဗျားရယ်...

.......
2.10.2021

ဆားမပါတဲ့ ဟင်းက ပေါ့ပျက်ပျက်နိုင်သလို...အချစ်မပါတဲ့ အိမ်ထောင်ရေးကလည်း ဗရမ်းဗတာလိုပဲ...

အခန်းထောင့်တစ်နေရာတွင် ကိုယ်ခန္ဓာသေးသေးနဲ့ကောင်လေးက ဝမ်းပမ်းတနည်း ငိုရှိုက်နေသည်...
ထိုကောင်လေးရဲ့ ရင်ထဲက နာကျင်မှုကို ဘယ်သူက သိနိုင်မှာတဲ့လဲ...

လက်ထဲတွင်လည်း တစ်ချိန်က ပတ်သတ်ခဲ့သည့်အကြောင်း သက်သေအဖြစ်တည်ရှိနေသည်က ချစ်ရသူ ကြိုက်သော အရောင်ကိုသာရွေးချယ် အသုံးပြုထားသည့် မင်္ဂလာ ဖိတ်စာအနီရောင်လေးက အသင့်တည်ရှိလျက်.....

လက်ကောက်ဝတ်တစ်နေရာက ပြတ်ရှဓားရာနှင့်အတူ ခန္ဓာကိုယ် တစ်ခုလုံး သွေးရဲရဲတို့က မြင်မကောင်းအောင် ပေပွလျက်.....

ခဏလေးပဲ နာကျင်ရမှာပါ...ဒီနာကျင်မှုတွေက ပြီးဆုံးသွားတဲ့အခါ အပူအပင်မရှိတဲ့ လိပ်ပြာလေးလို လွတ်မြောက်သွားတော့မှာ...

At  "X Hugi" Company

"Ceo Zhan အမျိုးသား!!"

ဒုတိယမြောက်အထပ်ကနေ ထိပ်ဆုံးထပ်ထိရောက်အောင် အမောတကောပြေးတက်လာသည့် အတွင်းရေးမှူး အန်းလဲ့မင်...

အရေးတကြီးပြောစရာရှိသည့်ဟန်က ရှောင်းကျန့်ရင်ကို အမှန်တကယ် ပူလောင်စေပါသည်...

You've reached the end of published parts.

⏰ Last updated: Jul 25, 2023 ⏰

Add this story to your Library to get notified about new parts!

王Where stories live. Discover now