Ch 28

4.9K 392 19
                                    

ဖုန်းနံပါတ်များမမှတ်မိသည့်အပြင် မုန်တိုင်းကြေညာချက်ကြောင့် ဘယ်မျှမသွားရဟူသည့်အချက်က ယွန်းဟွာကိုတော်တော်ခေါင်းခဲစေသည်။သူမရှေ့မှ Taxiမောင်းသမားသည်သူမကိုအန္တရာယ်ပေးမည့်ပုံမပေါ်သော်လဲ ပေါ့ဆနေ၍မဖြစ်ပေ။သူမ Cနိုင်ငံကိုရောက်နေသော်လဲ သူမအဘိုးဆီသေချာအကြောင်းမကြားရသေး၍ သူမပျောက်ဆုံးနေကြောင်းကိုသိလိမ့်မည်မဟုတ်ချေ။မုန်တိုင်းရှိနေသော်လဲ ရာသီဥတုကအခု အနဲငယ်ကြည်လင်နေ၍ သူမ ထိုTaxiသမားကို ပြောကြည့်၍ရမည်ထင်။

   "ဒီမှာ..."

  *ဝုန်း*

   *ဂျိမ်း*

  *ဒိန်း*

သူမစကားပင်မဆုံးသေးပဲ လျှပ်စီးများလက်လာကာ ကောင်းကင်တွင်အုံ့ဆိုင်းလာလေသည်။မိုးမပက်စေရန်နှင့် လေသံမိုးသံများမှကာကွယ်ရန် ထိုTaxiမောင်းသမားသည် ပြတင်းတံခါးများကိုလိုက်ပိတ်နေလေသည်။သူမတို့ကအခု ဧည့်ခန်းထဲတွင်ထိုင်နေကြတာဖြစ်ပြီး သူမက ဆိုဖာပေါ်တွင် ထိုင်နေတာဖြစ်သည်။ပြတင်းတံခါးများကိုလိုက်ပိတ်နေသော ထိုသူသည် ဆံပင်ဖိုသီဖတ်သီနှင့်မို့ ဖရိုဖရဲဆန်နေသော်လဲ သူမမျက်လုံးထဲတွင်တော့ကြည့်ကောင်းနေသလိုလိုပင်။

သူမသည် အပိုပြောခြင်းမဟုတ်ရပါ၊ သူမမျက်စိထဲတွင်ကြည့်ကောင်းသည့်ယောကျာ်းဟု သတ်မှတ်တာဟူ၍ သူမ၏ ဘ၀အစစ်မှသူမ၏ ဂျူနီယာကောင်လေးအချို့နှင့် ဒီဇာတ်ကြောင်းထဲမှ အီထယ်နှင့်ဟျွန်းလေးကိုသာသတ်မှတ်တာဖြစ်သည်။ဟျွန်းလေးဆိုမှ သူမ၏စိတ်အစုံသည်နွမ်းလျသွားရသည်။ဟျွန်းလေးကိုမတွေ့ရတာလဲကြာပြီဖြစ်သလို Stalkerများပို့ပေးသော ဟျွန်းလေးဓာတ်ပုံတို့ကလဲအဝေးကရိုက်ထားပြီး maskအုပ်၊ ဦးထုပ်ဆောင်းထား၍ သဲကွဲစွာမမြင်ရပေ။

ထိုစဥ်မှာပင် သူမရှေ့ရှိဆိုဖာသို့ ထိုအမျိုးသားက လာထိုင်သည်။ပြီးနောက်သူမကိုကြည့်ကာ

   "ဒီအခန်းမှာက အိပ်ခန်းကတစ်ခန်းပဲရှိတယ်၊ မုန်တိုင်းက၄ရက်ကြာမှစဲမှာဆိုတော့ မင်းအဲ့အခန်းမှာနေလိုက်၊ ငါကတော့ ဆိုဖာမှာပဲနေတော့မယ်..၊"

ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]Where stories live. Discover now