အပိုင်း -၁၁

5.2K 322 2
                                    

ဟမ့် ဗိုက်ဆာလိုက်တာ.....!

လက်က နာရီကိုကြည့်မိတော့ 9နာရီခွဲသာ ရှိသေးသော်လည်း အခုမှဗိုက်က တဂွီဂွီမြည်လာသည်။

ညနေကလည်း ထမင်းစားကောင်းတာကြောင့် ချိုင့်ထဲတွင် ဘာမှမကျန်တော့ ...

ဒီအချိန် မှန်သား သတိအရမိဆုံး အရာကိုမေးလျှင် အိမ်ကရေခဲသေတ္တာကြီးနှင့် မီးဖိုဆောင်ထဲမှ ဗီရိုလေးကိုပင်။

Refrigerator ထဲမှ အသီးမျိုးစုံနှင့် အချိုရည်များ၊ ဗီရိုလေးထဲမှ ဖွယ်ဖွယ်ရာရာ ထမင်း၊ ဟင်းများနှင့် မုန့်ပုံးများကို ရုပ်ရှင် အနှေးပြကွက်တစ်ခုအလား မျက်လုံးထဲ မြင်ယောင်လာမိသည်။

ဂလု!
ဒီအတိုင်း မနေနိုင်တော့တာမို့ မှန်သား တံတွေးကို အနိုင်နိုင်မြိုချရင်း ထရပ်လိုက်မိ၏။

ယခု မှန်သား၏စိတ်ထဲ ရှိနေသည့် တစ်ခုတည်းသောအတွေးမှာ အဆောင်အပေါ်ထပ်ရှိ မှန်သား၏ဗီရိုလေးထဲ ယခင်နေ့က ဝယ်ထားသည့်မုန့်တစ်ခုတစ်လေများ ကျန်ဦးမလားဟူသည့် အတွေးဖြင့် မုန့်ရှာရန်သာ...

" မှန်လေး ဘယ်လဲ "

မျက်မှောင်လေးကုတ်ကာ နှုတ်ခမ်းလေးထော်နေအောင်စူလိုက်၊ နှုတ်ခမ်းကို လျှာလေးဖြင့်
သပ်လိုက်နှင့် အလုပ်ရှုပ်နေသည့် မှန်လေးက ရုတ်တရက် ထရပ်လိုက်သည်မို့ ရာသက်ပန် ဇဝေဇဝါဖြင့် မေးလိုက်မိခြင်းပင်။

" အင့် မှန်သား ဗိုက်ဆာလို့ စားစရာတစ်ခုခုရှာမလို့ "

" ဗိုက်ဆာလို့ ?"

" အင်း ဒါနဲ့ ရာရာရော အရင်ရက်က တစ်ခုခုဝယ်ထားတာရှိသေးလား "

" ဟင့်အင်း ကိုယ်တော့ ဘာမှ ဝယ်မထားမိဘူး "

" အင်းအင်း မှန်သားလည်း ဝယ်မထားမိဘူးထင်တာပဲ ဘာများကျန်သေးလဲ သွားရှာကြည့်ရင်း လွင်ပြင့်မှာရော တစ်ခုခုရှိသေးလား မေးကြည့်ဦးမှပါ..."

မျက်နှာလေးရှုံ့ကာ ဗိုက်ကလေးကိုပွတ်ရင်း ပြောနေသည့်မှန်လေးပုံစံက တကယ့်သနားစရာအတိ။

ပြောလို့ပြောသည်မဟုတ်။
မှန်သားကြေးမုံက မည်သည့်အခါတွင်မဆို ငေးကြည့်ချင်စရာလေးပင်။

Cupid's Compass (Completed )Where stories live. Discover now