"ဘာတွေကြည့်နေတာ "
"ဟင့်အင်း ဒီလိုပါပဲ "
ထိုကောင်မလေးက တစ်ချက် လှည့်ကြည့်ပြီးမှ
သူစားစရာရှိတာကိုစားနေ၏ Jaehyunရဲ့
အာရုံကတော့ Counter မှာ ရှိနေတဲ့
Doyoung ဆီမှာသာ Doyoungကလည်း
သူ့ကို ခနခန ကြည့်ကြည့်လာ တာကိုလည်း
သတိထားမိ၏"ဒါဆို ငါ သင်တန်းသွားတော့မယ် လေ "
"အင်း ငါလိုက်ပို့ပေးမယ် မှောင်တော့မယ်"
"နေနေ ငါ့မှာ ကားပါလာတယ် "
"အင်းအင်းး "
ထိုကောင်မလေးက ထွက်သွားတော့
Doyoung ကိုပါပြုံးပြသွားတာကို
သူမြင်လိုက်၏
ဆိုင်က မကြာခင် ပိတ်တော့မှာ ကြောင့်
Jaehyun က Doyoung ကို
တခါတည်း စောင့် ဖို့ ဆုံးဖြတ်လိုက်သည်
-------------------------------------------------
အနည်းငယ် တိတ်ဆိတ်နေ တယ်လို့
ခံစားရတာကြောင့် Jaehyun က
သူနဲ့ နည်းနည်း လှမ်းပြီး လျှောက်နေတဲ့
Doyoung ရဲ့ နောက်ကျောပြင်လေးကို
ကြည့်နေမိသည်
ဒါပေမယ့် ဆတ်ခနဲ အနောက်ကို လှည့်ကြည့်
လာတာကြောင့် Jaehyun က ရုတ်တရက်
ရပ်မိသွားသည်"Jaehyun အိမ်မပြန်ပဲ ဘာလုပ်နေတာလဲ "
"hyung ကို လိုက်ပို့တာလေ "
"မင်း အရူးလားး ငါက နည်းနည်းလောက်
ဆက်လျှောက်ပြီးရင် ရောက်တော့မှာကို""ကျွန်တော် က ဘယ်လို ပြန်ရမှာလဲ"
"မင်းမှာ ဆိုင်ကယ်ပါတာ ငါ မြင်တယ်လေ
Jaehyun ""hyung "
"အင်း?"
"ဟို သူ က "
"မင်း ကောင်မလေး မလားး "
"..."
"ငါ သိတာ နည်းနည်းတော့ကြာပါပြီ
မင်းပြောလာမယ့် အချိန်စောင့်နေတာ
ဝါးး ငါတို့ Jaehyunလေးတောင်
အရွယ်ရောက်လာပြီပဲ ဟဟ"စကားသံတို့က တိတ်ဆိတ်သွားပြန်သည်
"မင်း ဆိုင်ကိုပြန်သွားပြီး ဆိုင်ကယ် ယူရဦး
မှာမလား ပြန်တော့လေ နောက်ကျနေလိမ့်မယ်"
YOU ARE READING
We're Loving Each Other So Much
Fanfic"Jaehyun မင်းက ဘာနဲ့တူလဲ သိလား" "ဘာနဲ့တူလဲ " "ခု ငါ ပါးစပ်ထဲ ထည့်လိုက်တဲ့ စပျစ်သီးနဲ့ တူတယ်"