Part - {35}

2.9K 335 23
                                    

"မင်းရဲ့မျက်နှာ အရမ်းနီနေပြီနော်"

"အာ?"

"မင်း အဲ့တာကို မျှော်လင့်နေတာလား?"

အနည်းငယ် အေးစက်နေတဲ့ လက်ချောင်းက ပါးကို လာတို့တယ်။ ကျွန်တော့်မျက်နှာကိုလည်း လက်တစ်ဖက်က ထိန်းကိုင်ထားတုန်းပဲ။

"ဘာကို... ပြောတာလဲ?"

"ဟေးလ်က တကယ်ပါပဲ။ အဲ့တာကို ငါကိုယ်တိုင် ပြောမှ ရမှာလား?"

အီဗန်ရဲ့ မျက်တောင်တွေက အသာအယာ‌ပဲ ကွေးညွှတ်နေကြတယ်။ ကျွန်တော့်ခေါင်းထဲက စိတ်ကူးယဉ်မှုတွေရယ်၊ ဒီထူးဆန်းတဲ့ အငွေ့အသက်ရယ် ပြီးတော့ အီဗန်ရဲ့ မထင်မှတ်ထားတဲ့ အပြုအမူတွေ ပေါင်းသွားပြီး ထူးခြားတဲ့အရာသုံးခု ဖြစ်သွားတယ်။ ကောင်းတော့ ကောင်းပါတယ်၊ ဒါပေမဲ့ ကျွန်တော်ရှက်လည်း ရှက်တယ်၊ ပြီးတော့ ဒါက ဒီကိစ္စလို့လည်း မထင်ထား...။ မရေမတွက်နိုင်တဲ့ ခံစားချက်တွေ သောင်းပြောင်းပြီး မျက်နှာကတော့ ထူးဆန်းနေတော့မှာပဲ။

ကျွန်တော့်မျက်နှာကို ထိတွေ့နေတဲ့ လက်က လျှောကျသွားပြီး အဲ့ဒီ့အစား သူက ကျွန်တော့်ရဲ့ ဘယ်ဖက်လက်ကို မြှောက်လိုက်တယ်။ လက်သီးဆုပ်ထားတာမို့ ကွေးနေတဲ့ လက်ချောင်းတွေကို တစ်ချောင်းချင်းစီ ဖယ်လိုက်တဲ့အချိန် အထဲက လက်ဖဝါး ပေါ်လာတယ်။ အီဗန်က ကျွန်တော့်လက်ဖဝါးပေါ်မှာ စာလုံးတစ်လုံးချင်းစီ ရေးနေတယ်။

အီဗန်နဲ့ ကျွန်တော် နေ့တိုင်း လက်ချင်းတွဲပြီး နေ,နေကတည်းက ကျွန်တော့်လက်တွေ အရမ်းဆတ်ဆတ်ထိမခံဖြစ်လာတာမို့ သူဘာရေးနေတာလဲဆိုတာ အမြန်ပြောနိုင်တယ်။ ကျွန်တော် မသိခဲ့တာကမှ ပိုကောင်းပါအုန်းမယ်။

"အင်း အဲ့တာကို ပြောလိုက်..."

ကျွန်တော် ထုတ်မပြောနိုင်ပဲ အရူးလို ပါးစပ်ပဲ ဟနေတော့တယ်။ ရှင်းလင်းတဲ့ စကားလုံးတွေနဲ့အပြုအမူတွေ၊ မဟုတ်သေးဘူး၊ အရမ်းစိတ်ရှုပ်ထွေးစရာတွေက လက်ချောင်းတွေကနေ စီးဝင်လာတယ်။ သူ့ ဆံပင်တွေတောင် အဖြူရောင်ပြောင်းသွားတယ် (ဝတ္ထုတစ်ခုထဲက ဇာတ်ကောင်နေရာမှာ အီဗန့်ကို ပြန်မြင်နေတာ)။ အဲ့တာက BLဝတ္ထုတွေမှာ ခဏခဏတွေ့နေကြ မြင်ကွင်း‌ဆိုပေမဲ့ ကျွန်တော့်ဆီမှာလည်း ဖြစ်နေတာလို့ စဉ်းစားမိလိုက်ရင် စိတ်လှုပ်ရှားရတယ်။ အတွေးပေါင်းစုံက ခေါင်းထဲမှာ ဖြတ်ပြေးနေတယ်။ ကျွန်တော်နဲ့ အီဗန်ရဲ့ အသံတွေကိုတောင် အစားထိုးပြီး ကြားယောင်မိလိုက်သေးတယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ