Unicode
🎶 နှလုံးသားရဲ့ ဂီတ 💛
-------- အပိုင်း (၉) --------
စူးရှစွာ အခန်းတွင်းဝင်လာခဲ့သည့်
နေရောင်ကြောင့် သွေး အိပ်နေလျက်က
မျက်ခုံးတန်းလေးတွေအား
စုကျုံ့မိလိုက်သည်။မနီးမဝေးက ရေကျသံတွေအား
နားထောင်မိရင်း မကြာမီပင်
အလန့်တကြားဖြင့် သူမ
မျက်လုံးတို့အား ဖွင့်မိ၏။ညက....။
ထိုအတွေးဝင်လာသည့် တခဏ
သွေး၏မျက်နှာလေး ဖြူလျော်ကာ
အိပ်ရာပေါ် ငုတ်တုတ်ထထိုင်မိသည်ထိကို
ထိတ်လန့်တုန်လှုပ်ရခြင်းတွေက
တစ်ကိုယ်လုံးကို ခြုံလွှမ်းသွားရသည်။ဟင့်အင်း၊ မဟုတ်ဘူး.. အဲ့လို မဖြစ်နိုင်ဘူး...
ဂျောက်...
သွေးရူးသွေးတန်းဖြင့်
သူမ၏စိတ်ထဲမှ ငြင်းဆန်နေမှုက
ရေချိုးခန်းတံခါးဖွင့်ကာ ထွက်လာသည့်
ယောကျာ်းကြောင့် အကုန်ကမောက်ကမ
ဖြစ်ကုန်ကြတော့သည်ပင်။"ဆ..ဆရာ~ "
"နိုးပြီလား သွေး "
ရဲနောင်က ရေချိုးဝတ်စုံအားဝတ်ထားရင်း
ရေစိုဆံပင်တွေအား တဘက်နှင့်သုတ်လို့
အပြုံးမျက်နှာနှင့်ပင် သွေးရှိရာဆီ
လျှောက်လာနေသည်။"........"
သရဲမြင်လိုက်ရသလို
ထိတ်လန့်သွားရသည့်သွေးက
ဟန်ပင်မဆောင်နိုင်အောင်
မျက်နှာက ပျက်ယွင်းလျက်။"အဆင်ပြေရဲ့လား.."
ရဲနောင်၏လက် သူမဆီလှမ်းလာတာကို
မြင်တာနှင့် သွေး ကိုယ်အားရို့လို့
ထိုလက်အား ရှောင်ပြီး"ဘာလို့အဲ့လိုဖြစ်ရတာလဲ"
"ဘာကိုလဲ? "
လေထဲတန်းလန်းဖြစ်နေခဲ့သည့်လက်ကို
ရဲနောင် ပြန်ရုတ်ရင်း မသိနားမလည်သလို
ပြန်မေးလာတာကြောင့်
သွေးမျက်နှာလေး ဒေါသကြောင့်
နီရဲလာတော့သည်။"ကိုရဲနောင်!! ရှင်ဘာကြောင့်
သွေးကို ဒီလိုလုပ်ရတာလဲ...
သွေး လက်မခံခဲ့ဘူးလေ~
မဟုတ်ဘူး၊ ခုချိန်ထိ တိကျတဲ့အဖြေတစ်ခုကိုတောင် သွေး သေချာမပေးရသေးဘဲနဲ့! ! "