မြေပြင်ပေါ်မှာ လွတ်လပ်သွားကြတဲ့
သစ်ရွက်ခြောက်တွေကိုသဘောကျတယ်အနံ့မွှေးတဲ့ ပန်းအလှတွေထပ်
နွမ်းနယ်သွားတဲ့ပန်းခြောက်တွေကို သဘောကျတယ်လမ်းလျှောက်ရတာထပ်
ပြေးလွှားနေရတာကိုသဘောကျတယ်ကော်ဖီထပ် အရက်ကိုသဘောကျပြီး
ကြယ်တွေထပ်တိမ်တွေကိုသဘောကျတယ်
အပြုံးနုနုတွေနဲ့ ကောင်းကင်ကြီးကိုမော့ကြည့်ရင်း
ရေရွတ်နေသူဟာ နေရောင်ခြည်ကို နောက်ခံထားပြီး
ကျွန်တော်ရှိနေရာသို့ မျက်ဝန်းတွေယိမ်းယိုင်လာတယ်အရမ်းလှပတဲ့ရှုခင်းတွေကိုအပေါ်စီးက
မြင်နေရတဲ့ တောင်ကုန်းမြင့်ပေါ်မှာထိုင်နေပေမယ့်
ကျွန်တော့်မျက်လုံးထဲ သူကအတောက်ပဆုံးပဲသူသာလျှင် အလှပဆုံးပဲ
နေဝင်ဆည်းဆာက အရှေ့တည့်တည့်မှာရှိနေပေမယ့်
ကျွန်တော်ဟာ သူ့မျက်နှာကိုသာငေးဖြစ်တယ်အကြည့်ချင်းဆုံသွားမိတဲ့စက္ကန့်ပိုင်းမှာ
သူ့ရဲ့ရယ်သံက မိုးရာသီရဲ့အငွေ့အသက်တွေနဲ့အတူ
လေဟာနယ်ထဲ အလွန်စိတ်လှုပ်ရှားဖွယ်
လွင့်စင်လာခဲ့တယ်သူ့ရဲ့ရယ်သံက ပေါ့ပါးပြီး
သူ့ရဲ့ဟန်ပန်ဟာ မြက်ခင်းတွေယိမ်းသလို
လွတ်လပ်တယ်ထူးဆန်းတာနဲ့ထူးခြားတာရဲ့
အလယ်မှာ ရှိနေတဲ့သူ့ရဲ့အကြောင်း
ကဗျာတွေရေးဖြစ်ရင်
စာမျက်နှာဘယ်လောက်ရှိလောက်မလဲသူလှမ်းတဲ့ခြေလှမ်းတွေကို ရေတွက်ရင်း
သူငေးကြည့်နေကျ တိမ်လွှာတွေကို လိုက်ငေးရင်းသူရဲ့အရာအားလုံးကို နှစ်သက်ပါကြောင်း
စာရွက်တစ်ရွက်အပေါ်ချရေးဖြစ်ရင်
စာလုံးရေ ဘယ်လောက်ရှိလောက်မလဲ။ဥယျာဉ်မှူးမရှိပဲ ပွင့်တဲ့အပင်လေးလိုပဲ
သူဟာ ကမ္ဘာကြီးရဲ့ပန်းခြံအပြင်ဘက်မှာတစ်ကိုယ်တည်း။နောက်ပြီး တစ်ပွင့်တည်း။သဘာဝနဲ့ လိုက်လျောညီထွေတဲ့
အရောင်အစင်းတွေ ကင်းမဲ့ပေမယ့်
သဘာဝအလျောက် စိတ်တိုင်းကျရှင်သန်နေတဲ့သူဟာကျွန်တော့်အတွက်
ကျွန်တော့်အတွက်အရမ်း ...
🚶🚶