"Doyoung ရ ထွက်လာခဲ့ မနက်ဖြန်
လည်း ပိတ်ရက်ကို ငါတို့ သောက်ကြရအောင်""လာခဲ့မယ် "
Doyoung က ထွက်လာရင်းး မီးဖိုခန်းထဲမှာ
အသံကြားတာကြောင့် မီးဖိုခန်းဆီပဲ
၀င်သွားလိုက်ကာ ထိုင်နေလိုက်သည်ခုမှ မီးဖိုခန်းထဲ ၀င်လာကာ သူ့ဘေး မှာ
၀င်ထိုင်လာတဲ့ Ten ကြောင့် ရေခဲသေတ္တာ
ကိုလှပ်နေသော သူကို ကြည့်တော့
Jaehyun !
Tenက ငါဘာမှမသိဘူးနော်ဆိုပြီး
ပုခုံးတွန့်ပြ၏ သူ သက်ပြင်းသာချရင်း
ခေါင်းငုံ့ပြီးသာ ထိုင်နေလိုက်၏Jaehyun က မုန့်အနည်းငယ်ကို
ပန်းကန်ထည့်လာရင်းး လာချကာ
Doyoung နဲ့မျက်နှာချင်းဆိုင်မှာ
၀င်ထိုင်ကာ Doyoungကို အသာကြည့်
နေ၏" Doyoung shi က ပြောချင်ရာပြောသွား
ပြီး ခုမှ မျက်နှာချင်းတောင် မဆိုင်နိုင်တော့တာလား""ဘာ ဘာလား ဟဟ ငါက ဘာလို့ မဆိုင်နိုင်ရမှာလဲ"
ဒီလိုပြောရင် ဒီလို တမ်းချေပ မယ်ဆိုတာကို
ကြိုသိနေတဲ့ Jaehyun က တချက်
ပြုံးလိုက်သည်"သောက်ကြစို့လေ ခုတလော သုံးယောက်လုံး
မဆုံဖြစ်တာ ကြာပြီမလားးး "Jaehyun နဲ့ Ten နဲ့ကသာ
စကားပြောလိုက် သောက်လိုက် လုပ်နေပေမယ့်
Doyoung ကတော့ ငြိမ်နေပြီး
တခွက်ပြီး တခွက်မော့နေတာဖြစ်၏
အချိန်ကြာလာတော့ Ten က အိပ် ချင်ပြီ
ဆိုကာ အခန်းထဲ ဝင်သွား၏
ထိုအခါ Doyoung နဲ့ Jaehyun
နှစ်ယောက်တည်းသာ ကျန်ခဲ့တော့၏
လေထု က အနည်းငယ် အေးစက်စက်
ဖြစ်သွားသလိုပင်"တောင်းပန်ပါတယ် "
Doyoung ဆီက ထွက်လာတဲ့
တောင်းပန်စကားကြောင့် Jaehyun က
ကြည့်လိုက်တော့ Doyoungက
ခေါင်းကိုငုံ့ထားရင်း ပြောနေတာဖြစ်၏"ငါ ငါ "
သူဘာဆက်ပြောရမှန်း သူ မသိဝောာ့ပေ
သူ တကယ် ကို တုန်လှုပ်နေတာ သေချာ
သည် Jaehyun ထလာတာမြင်တော့
သူ လိုက်ကြည့်နေမိ၏ Jaehyunက
သူ့ဆီသို့ လျှောက်လာကာ အနည်းငယ်
ကိုင်းလိုက်ရင်းး သူ့ရဲ့ မေးတစ်ဖက်ကိုပါ
အုပ်ကိုင်လိုက်ရင်းး သူ့ရဲ့ နှုတ်ခမ်းတို့ကို
ဖိကပ်လာခဲ့သည်တခနမျှ ကြာပြီး အချိန်မှာတော့ လွှတ်ပေး
လာကာ သူ့ရဲ့ မျက်လုံးတို့ကို ကြည့်လာရင်း"ကျွန်တော် ရှင်းပြတာ နားထောင်ပေးမယ်မလား"
Doyoung က အသာ ခေါင်းညိတ်ပြလိုက်၏
"သူ(မ)က ကျွန်တော့် မေမေရဲ့ သူငယ်ချင်းရဲ့
သမီး ကျွန်တော့်ညီမလေးလိုပါပဲ "တခွန်းပြောပြီး Doyoung မျက်လုံးလေးထဲကို
သေချာ လိုက်ကြည့်ရင်းး ထပ်ပြောလာ၏"သူ့ ချစ်သူကလည်း ကောင်မလေးတစ်ယောက်ပဲ
သူတို့ ချင်း အထင်လွဲ ကြတယ် ထင်ပါရဲ့
ထုံးစံအတိုင်း တစ်ယောက်က အဆက်အသွယ်
ဖြတ်ဖို့ လုပ်ကြရော အဲ့တော့ သူ့ကောင်မလေးနဲ့
ကျွန်တော်က ကျောင်းတူတော့ ကျွန်တော့်ကို
စာတွေ ပေးပေးဖို့ အကူအညီတောင်းတာပါ ""နောက်ပြီး hyungပြောတုန်းက ရှင်းပြ
မလို့လုပ်ပေမယ့် hyung သ၀န်တို မလား
ဆိုတာ သိချင်တာနဲ့ ကျွန်တော် ဆိုးမိတယ်
ဒါဒါပေမယ့် ကစားကွင်းမှာတုန်းက
hyung့ကို ပြန်ရှင်းပြရင်း ဖွင့်ပြောမလို့
ခေါ်လာခဲ့တာပါ ဒါပေမယ့် မထင်မှတ်ပဲ
hyung ""ရပြီ ရပြီ ဒီလောက်ဆို "
ခေါင်းငုံ့သွားတဲ့ Doyoungကို မြင်တော့
Jaehyun က အသည်းယားသွားရင်း"ကျွန်တော်တို့ နမ်းခဲ့ကြပြီးတာတောင်
ခုလို ရှက် နေတုန်းပဲလား အ !"သေချာပေါက် Doyoung က Jaehyun
ရဲ့ ဗိုက်ကို လက်သီး တလုံး ပစ်သွင်းလိုက်တာ
ဖြစ်၏"မင်း ငါ့ကို လှည့်စားခဲ့ရတာ တအားပျော်နေမှာ
ပဲနော် ငါကတော့ တစ်ယောက်တည်း
Drama ခင်းလိုက်ရသလိုပဲ မင်းကြိတ်
လှောင် နေတာမလား လူဆိုးကောင် ဒီည
ငါ့နောက် လိုက်မလာနဲ့ "Doyoung က ပြောဆို ပြီး
အခန်းထဲ ၀င်သွားတော့ Jaehyunက
ပြေးလိုက်ရင်း တံခါးကို ခေါက်ကာဖြင့်" hyung ကျွန်တော်မှားပါတယ် လို့
ဒါပေမယ့် ကျွန်တော်တို့ ပြောတာမပြီးသေးဘူးလေ
Hyung!! ကျွန်တော် ဖွင့်မပြောရသေးဘူးလေ
Hyungကြားတယ်ဆိုတာ ကျွန်တော်
သိတယ် နော် တံခါးဖွင့်ပေးပါဆို ဗျာ "တံခါးကို ခေါက်ရင်း အော်ပြီးပြောနေတဲ့
Jaehyun ကြောင့် Doyoungက
တံခါးကို မှီကာ အသာနားထောင်နေ၏
ငြိမ်ကြသွားပြီးး ခနနေတော့ Doyoung
ကို စကားတခွန်းနဲ့ အနိုင်ပိုင်းပြန်ပါသည်"ကျွန်တော် hyung ကို ချစ်တယ် "
___________________________________

YOU ARE READING
We're Loving Each Other So Much
Fanfic"Jaehyun မင်းက ဘာနဲ့တူလဲ သိလား" "ဘာနဲ့တူလဲ " "ခု ငါ ပါးစပ်ထဲ ထည့်လိုက်တဲ့ စပျစ်သီးနဲ့ တူတယ်"