Song Recommendation : Love Me Like That by
Sam Kim ( Nevertheless OST Part 6 )မီးရောင်စုံအောက်တွင်စိတ်လွတ်ကိုယ်လွတ်ကနေသော ဆောင်းဟွန်းကို ဟီဆွန်းတယောက် လက်ထဲရှိခွက်မှအရက်တငုံသောက်ရင်းကြည့်လိုက်မိသည်။ စိတ်ကောက်ပြီးသွားကနေတဲ့ထိုကောင်လေးကိုသွားချော့လိုက်ရင်ခဏလေးနဲ့စိတ်ပြေနိုင်သော်ညား ထိုကောင်လေးဘယ်လောက်ထိစိတ်ကောက်နိုင်မလဲသိချင်သည်မို့ ဒီတိုင်းသာထိုင်ကြည့်နေမိတော့သည် ။
လူကသာ ကနေသော်လည်း ပတ်ဆောင်းဟွန်းတို့စိတ်ကတော့ ကောင်တာမှာထိုင်နေတဲ့တစုံတယောက်ဆီ၌သာ။ယခုအခြေအနေအရစိတ်ကောက်နေတာကထိုလူလား၊ကိုယ်တိုင်လားပင်မသဲကွဲတော့ချေ။ထိုလူကတော့လာချော့ဖို့နေနေသာသာ မိမိအားမမြင်ရသည့်အလား အရက်ကိုပင်စိမ်ပြေနပြေထိုင်သောက်နေသေးသည်။
အတော်ကြာ ကနေသည်ထိလာမချော့သေးသောအီဟီဆွန်းကိုဆောင်းဟွန်းလှမ်းကြည့်မိတော့ဘယ်ကရောက်လာမှန်းမသိတဲ့ကောင်လေးတယောက်နဲ့ပြုံးပျော်ကာစကားပြောနေလေသည်။ အီဟီဆွန်းရဲ့ပေါင်ပေါ်ကိုလက်တဖက်တင်ပြီးစကားပြောနေတဲ့ကောင်လေးကဆောင်းဟွန်းရဲ့ဒေါသတွေကိုအကဲစမ်းနေသည့်အလား ။ အီဟီဆွန်းကိုကြည့်လိုက်ပြန်တော့လည်းပြုံးကာစကားဆက်ပြောနေသည်မို့ခေါင်းထဲအကြံတခုကပေါ်လာလေသည်။
" အမ ကျွန်တော့်လည်ပင်းကိုဖက်ပြီးကပေးနိုင်မလား "
ဘေးနားမှကနေတဲ့ အမကိုမေးလိုက်တော့ပြူးကြောင်ကြောင်နဲ့ကြည့်လာပြီးခေါင်းငြိမ့်ပြလေသည်။ ပတ်ဆောင်းဟွန်းကိုငြင်းရိုးထုံးစံရှိမနေပေ ။
ကနေရင်းမှလှည့်ကြည့်မိတော့အီဟီဆွန်းရဲ့အကြည့်စူးစူးတွေကမကြာခင်မီးထတောက်တော့မည့်နဂါးနဲ့ပင်တူနေပေသည်။ သို့သော်လည်းဘေးမှာဆက်ရှိနေတဲ့ကောင်လေးကြောင့်ဆောင်းဟွန်းမကျေနပ်ပေ။
စူးစိုက်ကြည့်နေတဲ့ အီဟီဆွန်းကို မဲ့ပြုံးတချက်ပြုံးပြကာ တွဲကနေတဲ့ကောင်မလေးရဲ့ခါးကိုဆွဲဖက်လိုက်ရင်းမျက်နှာတိုးကပ်သွားလိုက်မိပြီးသိပ်မကြာလိုက် လက်ကောက်ဝတ်မှဆောင့်ဆွဲခံလိုက်ရခြင်းနဲ့အတူ မြင်လိုက်ရတဲ့ဟီဆွန်း။
YOU ARE READING
𝙇𝙊𝙑𝙀 𝙈𝙀 𝙇𝙄𝙆𝙀 𝙏𝙃𝘼𝙏
FanfictionHEESEUNG x SUNGHOON (MILKCARROT) -ROMANCE Written in Burmese (Unicode) Start : 12.4.2022 End : 12.4.2022 All about this story is just my imagination 🪄