Chapter(4)

294 44 1
                                    

*ဒီအပိုင်းလေးက နည်းနည်း ရှုပ်ထွေး ပါတယ်*

မိမိရင်သွေး နှင့် အခြား သူစိမ်း တစ်ယောက်ကို ရွေးပါဆိုလျှင် ဖခင်က မည်သူ့ကို ရွေးချယ်နိုင်ပါသနည်း။

အဲ့ဒီမေးခွန်းရဲ့ အဖြေကိုတော့ ဖခင်တိုင်းက ကိုယ့်ရင်သွေး ကိုသာ ရွေးချယ်ပါမည် ဟု ဖြေကြမည်မှာ လက်ခတ်မလွဲ။

၎င်းကဲ့သို့ပဲ ဝမ်ဧကရာဇ်က ကိုယ့်ရင်သွေးကိုသာ ရွေးချယ်ခဲ့တယ်။

သာမန်အမျိုးသမီးငယ် တစ်ယောက်ကိုသာ စွဲလမ်းချစ်မြတ်နိုးခဲ့တဲ့ ဝမ်ဧကရာဇ်မင်း။

ချစ်ရသူ မိန်းကလေးကိုသာ သစ္စာစောင့်သိခဲ့ပြီး တပါးသူကို ဟန်ပြ မိဖုရား အဖြစ်သာ မြှောက်တင်ထားခဲ့တဲ့ ဧကရာဇ်မင်း။

ကိုယ်မြတ်နိုးရသူက အရပ်သူဖြစ်တဲ့အတွက် ကိုယ်ပေးအပ်ချီးမြှင့်ချင်တဲ့ မိဖုရားခေါင် 'ဟွမ်ဟုတ်' ရာထူးကို မပေးအပ်နိုင်ခဲ့ဘဲ 'ကွေ့ဖေး'အဆင့်သာ ချီးမြှင့်နိုင်ခဲ့သူ  မင်းကြီး။

ဒီရာထူးကိုတောင် မင်းကြီးက အမတ်တွေနဲ့ အပြင်းအထန် အတိုက်အခံ လုပ်ပြီး ပေးခဲ့ ခြင်း ဖြစ်၏။

ဧကရာဇ်မင်းက ချစ်မြတ်နိုးရသူ အမျိုးသမီးကို လုံလောက်အောင် ၊ ဂရုစိုက် မစောင့်ရှောက်ပေးနိုင်ခဲ့ဘူး။

ဒါတွေ အားလုံးဟာ ဧကရာဇ်အတွက် နောင်တ ရစရာတွေပင်။

တိုင်းပြည် အကျိူးအတွက် နှင့် အမတ်တို့၏ တိုက်တွန်း မှု ကြောင့် စော်ဘွား မျိုးနွယ်ဝင် မိန်းကလေးတစ်ဦး နှင့် လက်ဆက်ခဲ့ရသည်။

လက်ဆက်ပွဲနေ့က ကိုယ် ချစ်မြတ်နိုးရသူရဲ့ ဝမ်းနည်း နေသည့် မျက်ဝန်းတွေကိုလည်း မမြင်ချင်ယောင်ဆောင်ခဲ့ရသည်။

ရှင်ဘုရင်တစ်ပါး၏ တာဝန်တွေ၊ ဝတ္တရားတွေ ၊ စည်းမျဥ်းတွေက ရှုပ်ထွေးလွန်းသည်။

နောက်ပိုင်း တိုင်းရေး ပြည်ရေး ကိစ္စတွေကို လုံးပန်းနေတာနဲ့ဘဲ မြတ်နိုးရသူစီကိုတောင် ခြေဦး မလှည့်နိုင်ခဲ့။

တစ်နေ့... မိဖုရားခေါင် ရာထူးကို ချီးမြှင့်ခြင်း ခံထားရတဲ့ စော်ဘွား အနွယ်ဝင် အမျိုးသမီးငယ်မှာ ကိုယ်ဝန်ရှိလာခဲ့တယ်။

Melody Of Royal Love.Tahanan ng mga kuwento. Tumuklas ngayon