"ငါမင်းကိုမကြိုက်ဘူးလို့ ပြောပြီးပြီလေ ဘာလို့အဲ့လောက်ထိအတင်းတွယ်ကပ်နေရတာလဲ ဂျယ်ယွန်း.."
ဒါနဲ့ဆို ပတ်ခ်ဆောင်ဟွန်းဆီက အငြင်းခံရတာ ၂၃ခေါက်ပင်ရှိပြီဖြစ်သည်။ ဒီလောက်ချစ်ဖို့ကောင်းတဲ့ ဂျယ်ယွန်းကို ငြင်းရတဲ့အကြောင်းအရင်းကဘာလဲနော်? ပတ်ခ်ဆောင်ဟွန်းကလွဲရင် တစ်လောကလုံးက ချစ်ကြသည့် မျက်နှာပွင့်သည့် ဂျယ်ယွန်းဖြစ်သည်။ ဆောင်ဟွန်းတစ်ယောက်ကသာ တစ်ကမ္ဘာလုံးမှာ သူနဲ့နှစ်ယောက်ထဲကျန်နေခဲ့ရင်တောင် အဆုံးအစွန်ထိငြင်းမည့် လူသားဖြစ်သည်။
*ဂျယ်ယွန်းစိတ်ညစ်တယ်*
ငယ်ငယ်ထဲက အိမ်ချင်းလဲကပ်ရပ် မိဘချင်းကလဲ ရင်းနှီးကြသည့် သူနဲ့ဆောင်ဟွန်းဟာ ထိုအချိန်ထဲက အနေနီးခဲ့ကြသည်။ လသားအရွယ်လောက်က ကျန်းမာရေးမကောင်းတာကြောင့် အားဆေးတွေရော အခြားဆေးပေါင်းစုံပါ သောက်ခဲ့ရသည့် ကလေးဖြစ်တာကြောင့်မို့ နှစ်နှစ်သုံးနှစ်အရွယ်ရောက်တော့ တခြားကလေးတွေထပ် ပိုကာ ဂျယ်ယွန်းက ဝတုတ်ကလေးဖြစ်နေခဲ့သည်။
ဒါပေမယ့်လဲ အဲ့တုန်းက ဂျယ်ယွန်းကို သူ့မိဘတွေသာမက ဆောင်ဟွန်းမိဘတွေကပါချစ်တယ်လေ။ ဝတုတ်ကလေးဆိုကာ လက်ထဲကနေမချပေ။ ဒါပေမယ့်အဲ့ထဲက ဆောင်ဟွန်းက ခပ်အေးအေးကလေးတစ်ယောက်ဖြစ်သည်။ ဂျယ်ယွန်းနဲ့က မိဘချင်းရင်းနှီးလို့သာ အတူဆော့ပေးနေခြင်းဖြစ်သည်။ တခြားကလေးတွေက ဆော့ဖို့လာခေါ်ရင်လဲ ဂျယ်ယွန်းကို ပြစ်ထားခဲ့ကာ လိုက်သွားတတ်သည်။
တစ်နေ့ ဆောင်ဟွန်းကိုလာခေါ်တဲ့ ကလေးတွေနဲ့အတူ ဂျယ်ယွန်းကပါလိုက်ဆော့ချင်သောကြောင့် ဆောင်ဟွန်းရဲ့လက်ပိစိကလေးကို သူ့ရဲ့လက်ဖောင်းဖောင်းလေးတွေနှင့်ဆွဲထားကာ မျက်နှာငယ်လေးနှင့်ကြည့်ပြလိုက်သည်။ အရင်ထဲက ဆောင်ဟွန်းသေးသေးလေးက ခပ်အေးအေးကလေးဖြစ်တာကြောင့် နားငြီးမခံနိုင်တာနဲ့ ဂျယ်ယွန်းကိုပါခေါ်လာခဲ့ကာ ရပ်ကွက်ထိပ်က ကစားကွင်းဆီသို့ ထွက်လာခဲ့သည်။ ထိုနေ့က ဂျယ်ယွန်းရဲ့လက်ဖောင်းဖောင်းလေးက ဆောင်ဟွန်းသေးသေးလေးအတွက် ထူးခြားကာ ပုံမှန်ထက်ဆုပ်ကိုင်လို့ ကောင်းနေတာကြောင့် ကစားကွင်းရောက်တဲ့အထိ လက်တွဲမဖြုတ်ခဲ့ပေ။
YOU ARE READING
Give Love || SUNGJAKE
Fanfiction"I Love him, but he doesn't love me anymore..." _Revolution free gift_