Unicode
"မြူးကြွတဲ့တေးသံ ပျံ့လွင့်လို့နေ....
ကူးပြောင်းစ တန်ခူးလေမှာ...
တစ်ယောက်တစ်လှည့်မို့ လှမ်းကာ ဖြန်းပက်ကြစဥ်....
ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ..."🎼တူးပို့ တူးပို့ တေးသံတွေက ဧပြီလမဝင်ခင်ထဲက ဟိုနားဒီနား ကြားနေရသည်။ မြန်မာလများထဲမှ အစလမို့ မြန်မာတို့ရဲ့ နှစ်သစ်ကူးပွဲတော် သင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကပင်။ နှစ်ဟောင်းက စိတ်ညစ်၊ လူညစ်နေတာတွေကို ဆေးကြောပြီး နှစ်သစ်ကို စိတ်သစ်၊ ကိုယ်သစ်၊ အတွေးအခေါ်သစ်မှားနှင့် လန်းဆန်းစွာ ဖြတ်သန်းရန် ရည်ညွှန်းကြသည်။
"ရာသီမသိ ပန်းနဲ့ညှိ" ဆိုတာမို့ရွှေဝါရောင်ပိတောက်တွေ ပွင့်ချိန်မို့ တန်ခူးလထဲရောက်ခဲ့လေပြီ။
သင်္ကြန်မကျခင်ရက်တွေထဲက ပိတောက်တွေကိုမိုးပြေးလေးတွေနဲ့ ကြိုဆိုခဲ့တာမို့ ခြံထဲက ပိတောက်ပင်တော့ တစ်နှစ်တစ်ခါ သစ္စာရှိစွာ ပွင့်လန်းကာ မွှေးပျံ့နေတော့သည်။
ဒီနှစ်တော့ ပန်းမြတ်က အရင်နှစ်တွေထဲက စိတ်ကူးထားတဲ့ သင်္ကြန်မဏ္ဍပ်လေး ဆောက်ဖြစ်တော့တယ်။ ပန်းမြတ်တို့ရဲ့ တစ်ထပ်အိမ်အရှေ့လေးမှာပဲ အုန်းလက်ကာမဏ္ဍပ်လေးထိုးကာ ရေပက်ကစားဖို့ ရေတိုင်ကီလေးလုံးချထားကာ ကျောင်းတုံးက သူငယ်ချင်းတွေ ပေါင်းပြီး ပန်းမြတ်ရဲ့အစီအစဥ်အတိုင်း မြန်မာဝတ်စုံလေးတွေနဲ့ ရေကစားကြမည်။ ဘွဲ့ရပြီး သူငယ်ချင်းတွေခုမှ ပြန်ဆုံကြကာ အကြိုနေ့ကတည်းက တက်ကြွနေကြသည်။
ပန်းမြတ်တို့ သူငယ်ချင်းငါးယောက်လုံး ပိတောက်ခြောက်ရောင် ရင်ဖုံးလက်တို ခါးတင်လေးနဲ့ ချိတ်ထမီကိုယ်စီမို့ ယိမ်းသမလေးတွေလို ကြည့်လှနေတော့သည်။ ဝတီနွယ်၊ စိုးသဇင်၊ ခေမာနှင်း၊ သက်သက်နဲ့ ပန်းမြတ်တို့ ငါးယောက်က တက္ကသိုလ်တက်ကတည်းက အတွဲညီခဲ့ကြသည်။
ပန်းမြတ်က ခါးကျော်ကျော်ဆံပင်နက်နက်လေးကို တစ်လွှာသိမ်းကာ ပိတောက်တစ်ခက်ပန်ထားကာ မိတ်ကပ်ပါးပါးလေးသာလိမ်းထားပြီး ယဥ်အောင်လှသည်။
YOU ARE READING
အချစ်များနှင့် သင်္ကြန် (completed)
Short Storyပေါ့ပေါ့ပါးပါးသင်္ကြန် ဇာတ်လမ်းလေးပါပဲ 💛💦💦 နှစ်သစ်ကစလို့ ကျန်းမာစွာဖြင့် နှစ်သစ်ကိုဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ရှင့်💛 17.4.2022