Unicode 3

6.9K 594 18
                                    

"မယု က ဒီနေ့ အလုပ်ပိတ်တာလားဟင် "

စားပွဲထိုးလေး လာချပေးသော ထောပတ်သီးဖျော်ရည် ခွက်ကို ဇွန်းသေးသေးလေးနှင့် မွှေရင်း အေးစက်နေသော လေထုကို ဖြိုခွဲရန် အားထုတ်လိုက်သည်။

ကြက်‌သွေးရောင် ရင့်ရင့် နှုတ်ခမ်းသားတို့ တစ်ချက်မျှ တွန့်ကွေးသွားပြီးမှ

"ဒီနေ့ ဘာနေ့လဲ မေခန့်"

'' ဆန်းဒေး....အဲ...ဆန်းဒေးမလား မင်းသစ်"

"အေး။ ဟုတ်တယ်လေ"

"ဆန်းဒေး ဆိုရင် ကျောင်းပိတ်တယ်လေ
မေခန့်။  မင်း နဲ့ တွေ့တဲ့နေ့ကတော့ နေ့လယ်ပိုင်း အချိန်မရှိလို့ စောစော ပြန်လာတာ"

" အစ်မ က ဆရာမ ပေါ့ ဒါဆို"

မေခန့် မေးချင်နေသော မေးခွန်းကို မင်းသစ်က မေးပေးလိုက်သဖြင့် ကျေးဇူးတင်စွာ
တစ်ချက်ပြုံးမိရသည်။

"အင်း...ဆိုပါတော့။ မင်းတို့က ဘယ်မှာကျောင်းတက်ကြတာလဲ။ ကျောင်းပြီးသွားကြပြီလား"

"ငခန့်က မနှစ်ကတင် UFL ကနေ ဘွဲ့ရပြီးပြီလေ။ ကျွန်တော်က မြန်မာ စာပေးစာယူ final . ဒီမှာပဲ တက်တာ"

"မင်းက မြန်မာ က လား။ ဒါဆိုရင်တော့ တို့နဲ့ တွေ့လိမ့်ဦးမယ်ထင်တယ်"

ဪ။ မယု က မြန်မာစာ ကျူတာ ထင်ပါရဲ့။

ဒါကြောင့်လဲ နားလည်ရ ခက်တာကိုး။

လူပုံစံနဲ့ အလုပ်အကိုင်က လိုက်ဖက်သားပဲ။

မေခန့် မင်းသစ်ကို မကြာခဏ ပြောလေ့ရှိသော (စကားငြင်း၍ ရှုံးတိုင်း အနိုင်ပိုင်းစကား ဖြစ်နေသော)

"နင်တို့ မြန်မာစာ ကတွေက စကားပြောရ တကယ်လက်ပေါက်ကပ်တယ်"

ဟူသော စကားကို သတိရကာ ရယ်ချင်လာရသည်။

ရှေ့လျှောက်တော့ အနိုင်ခံရဖို့သာ ရှိတာပါလား။

ဟင်။ မဟုတ်သေးပါဘူး။

ရှေ့လျှောက် လို့ ပြောရအောင် မယုနှင့်
မေခန့်က ဘယ်အတိုင်းအတာ အထိ ပတ်သက်ကြဦးမှာလဲ။

"Ring....Ring ..."

မင်းသစ်၏ ဖုန်း ဝင်လာသည်မို့ မေခန့် အတွေးစ တို့ ပြတ်တောက်သွားရသည်။

ချစ်ခြင်းဖြင့် ချည်နှောင်သောDonde viven las historias. Descúbrelo ahora