မင်းရဲ့ဘေးမှာ
-----------------လူတစ်ချို့က သူတို့ရဲအရာရာကို ထာဝရ ဖုံးဖိသွားကြတယ်။ သူတို့ကိုယ်၌က ဘယ်သူ့ကိုမှ မယုံကြည်တာ
ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ဘယ်သူ့ကိုမှ မမျှဝေချင်တော့တာဖြစ်မယ်။ ဒဏ်ရာတွေဖြစ်စေ၊ အတိတ်တွေ
ဖြစ်စေ သူတို့ဘာသာသူတို့ ထွေးပိုက်ရင်း ဖုံးကွယ်သွားကြတယ်။ဖေဖေက သူ့ဘာသာသူ အဆုံးစီရင်သွားခဲ့တယ်ဆိုတဲ့ သတင်းကိုကြားတော့ ကျွန်မ အတော်လေးတုန်လှုပ်သွား
ခဲ့ရတယ်။ ကျွန်မနေတဲ့ မြို့ကနေ ညတွင်းချင်း ပြန်ခဲ့တယ်။ ပြန်ရောက်တော့ ဖေဖေ့ရဲ့အသက်မရှိတော့တဲ့ ရုပ်အလောင်းကိုပဲ တွေ့ရတော့တယ်။ဖေဖေက အသက်ရှိစဉ်ကထက်ပိုပြီးကို သက်သောင့်သက်သာ အနေအထားနဲ့ လှဲလျောင်းနေခဲ့တာ။ မတွေ့တာ ၅နှစ်လောက်ပဲရှိအုံးမယ်ထင်တယ်။ဆေးရုံရဲ့ ရင်ခွဲရုံကုတင်ပေါ်မှာ ဖေဖေက အသက်ရှိစဉ်ထက်ကို ပိုပြီး သက်သောင့်သက်သာဖြစ်နေတာ။ ဖေဖေ့ရင်ဘက်ပေါ်က ခြုံလွှားအဖြူစလေးကို အနည်းငယ်ပင့်ဟ
ပြီးကြည့်မိတယ်။တကယ်ကိုပဲ သူ့နှလုံးကို ဓားချွန်ချွန်နဲ့
ကိုယ်တိုင်ထိုးစိုက်ခဲ့တာ။ ဘယ်လောက်ထိများ ပြင်းပြလိုက်မလဲ???ဖေဖေက စကားနည်းတဲ့လူမျိုးလေ။ အမြဲတမ်း အေးစက်နေပေမယ့် ကျွန်မကို တစ်ခါတလေလေးတောင်မှ
ရိုက်နှက်ခဲ့ဖူးတယ်ဆိုတာမရှိဘူး။ အမြဲတမ်း တင်းကြုတ်ထားတဲ့ မျက်ခုံးအစုံကြောင့်သာ ဖေဖေ့ကို ကြောက်နေခဲ့တာ။ ကြင်နာယုယပြတာမျိုးမရှိပေမယ့် အိမ်ထောင်ဦးစီးတာဝန်နဲ့ ဖခင်တာဝန်ဝတ္တရားကိုတော့ တစ်ခါတလေလေးတောင်မှ မပျက်ကွက်ခဲ့ဖူးဘူး။ ဘာကြောင့်များ အခုလိုအဆုံးသတ်ကို သူရွေးချယ်သွားခဲ့ရတာလဲဆိုတာ ကျွန်မ အမှန်တကယ်ကို စဉ်းစားမရဘူး။ သူက ၅၅နှစ်ပဲရှိသေးတာ။ဖေဖေ့ရဲ့ ရက်လည်အထိ မေမေကလည်း ပြန်လည်မထူထောင်လာနိုင်ဘူး။ ခင်ပွန်းဖြစ်သူတစ်ယောက်လုံး အဆုံးစီရင်သွားတာကို မေမေလည်း ဘယ်လိုမှ မယုံနိုင်ခဲ့ဘူးလေ။
ဖေဖေ့ကိုမသဂြိုလ်ခင် မေမေက ဖေဖေ့ရဲ့အသက်မရှိတဲ့
ရုပ်အလောင်းကိုကြည့်ရင်း " ရှင်ကအမြဲတမ်းအေးစက်ပြီး၊ ဘယ်တော့မှ မပွင့်လင်းဘူး။ ရှင်ပျော်လို့လုပ်တာလား? ဒါမှမဟုတ် ကျွန်မကို ဒဏ်ခတ်တာလား? ဘာလို့လဲ ဆိုတာကို တစ်သက်လုံး တွေးသွားစေချင်တာလားဟင်? "