မြင်စိုင်းမြေမှ သင်္ခယာ

3.4K 162 25
                                    

သက္ကရာဇ် ၇၁၁ခု ၊ စေယ်နှစ် ၊ ပြာသိုလ္ဆန်း ၆ရက်...။

ပြာသို ဆောင်းကား အအေးပိုလွန်းသည်။သူတို့ စတင်တွေ့ဆုံချိန်သည်လည်း နှင်းများဝေနေသည့် ဤ ဆောင်းတစ်ချိန်ပေတည်း။

တဖွဲဖွဲကျနေသော ဆီးနှင်းများအောက် ရွှေနန်းတော်၏ မြောက်ဘက်ရှိ မြင်းခင်သခင်ပွဲကား လူအများဖြင့် စည်ကားသိုက်မြိုက်စွာ ရှိနေသည်။

ဘုရင်မင်းတရားကြီးနှင့်တကွ မိဖုရားများ သမီးတော်များက ယာယီထိုးထားသော မင်္ဂလာမဏ္ဍပ်မှ ရှုစားတော်မူနေသည်။သဘင်ကွင်းကား အလျား ၁မိုင်၊ အနံ ၂မိုင်ခန့် ကျယ်ဝန်းပြီး စက်ကွင်းလှံထိုးနေရာ ၊ မြင်းရေးပြရန်နေရာနှင့် ဓားရေးပြကွင်းတို့ကား သူ့နေရာနှင့်သူ စီစဥ်တကျရှိလို့နေ၏။

စွမ်းရည်ပြပွဲမစခင် မင်းတရားကြီးအား အားလုံးက အရိုအသေပေးကာ ခစားကြရသည်။အသီးသီးသော ပြိုင်ပွဲဝင်သူတို့ကား နေရာယူထားကြပြီး
စပြိုင်ချိန်တွင် လူထုဗိုလ်ပါများဆီမှ အားပေးသံများက ဆူညံစွာပေါ်ထွက်လာ၏။

စောဝ်နွမ်ဖ ကား မမှိတ်မသုံကြည့်နေဆဲ။ယခုအချိန်အထိ သူ့အား အံ့သြမခန်းဖြစ်စေလောက်သော သူရဲကောင်းဟူ၍ မတွေ့သေးချေ။

ပျင်းရိလေးတွဲစွာဖြင့် ကျောညောင်းတစ်ချက်ဆန့်လိုက်ပြီးလျှင် တဖွဲဖွဲကျနေသော နှင်းများကဲ့သို့ စွတ်ဖြူနေသော အဖြူရောင် မြင်းကြီးအားစီးနင်းလာသည့် လုလင်ပျိုတစ်ယောက် ဝင်ရောက်လာသည်ကိုတွေ့လိုက်ရသည်။

မြင့်မားသောအရပ်အမောင်း တုပ်ခိုင်သန်မာသော ခန္ဓာကိုယ်၌ ကြက်သွေးညိုရောင် မှိုင်းလုံးကတ္တီပါဝတ်စုံအား တင်းကြပ်စွာ ဝတ်ဆင်လို့ထားသည်။
သျှောင်အား ဦးထိပ်၌ အမြင့်ထုံးထားပြီး မီးခိုးရောင် ခပ်မှိုင်းမှိုင်း ဦးပေါင်းအား ပေါင်းထား၏။
ခါးထက်၌ ရွှေချည်ငွေချည်များကြား မြစိမ်းရောင်ချည်ခံ၍ သုံးလွန်းလိမ်ထိုးထားသော ခါးပတ်အား ခပ်တင်းတင်းပတ်ထားသည်မှာ ဝတ်လဲအား ကျွတ်မကျစေလိုဟန်။

စောဝ်နွမ်ဖ မျက်ဝန်းတို့က အရောင်တောက်လာသည်။။မည်သူမှန်းမသိသော်လည်း ထိုသူ့ထံမှ ရသည့် အရှိန်အဝါတို့ကား   အတောင် ၆၀ အမြင့်၌ ရှိသော ပစ်မှတ်အား မုချမလွဲ ထိလိမ့်မည်ဟုယုံကြည်နေမိသည်။

မြင်စိုင်းမြေမှ သင်္ခယာ.... //COMPLETE//Where stories live. Discover now