Unicode
Jimin လမ်းထိပ်ကဆိုင်ကိုမုန်ဝယ်ရန် ထွက်လာပြီး လိုအပ်တာတွေကိုဝယ်နေမိတယ်...Tae ကသူ့ကိုသုံးချင်သလောက်သုံးနိုင်ရန် သူ့ရဲ့ ကတ်တစ်ခုကိုအပိုင်စားပေးထားတော့ သူ့မှာတစ်ခုခုလိုရင် တောင်းနေစရာမလိုပဲ ဝယ်လို့ရသည်....Tae အတွက် Strawberry milk နဲ့ ပဲခေါက်ဆွဲတစ်ပွဲဝယ်ပြီးပြန်လာလိုက်သည်...
Jimin အိမ်ပြန်လမ်းလျှောက်နေရင်း စည်ကားလှတဲ့ Seoul မြို့ကြီးကိုကြည့်နေမိတယ်....ဟိုဟိုဒီဒီသွားနေကျတဲ့လူတွေ မီးတလင်းလင်းအဆောက်အအုံတွေ ဆူညံနေတဲ့ကားတွေကို သူမတ်တပ်ရပ်ရင်း ကြည့်နေမိတယ်....သူဆက်လျှောက်လာတော့ ကစားကွင်းအသေးလေးကိုတွေ့သည်...သူအပြေးအလွှားလေးသွားရင်း ဒန်းလေးကိုလွှဲစီးနေမိသည်...သူ့အတွေးတွေကလည်း ဒန်းလေးနဲ့အတူ တောင်စဉ်ရေမရတွေးကာ ရေရေရာရာပင်မရှိပေ....မိနစ်အနည်းငယ်စီးလို့အပြီးမှာတော့ Jimin အိမ်ပြန်ရန်သာ တွေးလိုက်တော့သည်...ညရောက်နေပြီမို့ ကြာရင် taehyung စိတ်ပူနေလိမ့်မည်ဖြစ်သည်...
ရှပ်ရှပ်...
အနောက်ကအသံကြောင့် သူသတိကပ်ရင်း လမ်းကိုလျင်မြန်စွာလျှောက်လိုက်သည်....အနောက်က ထပ်ကြပ်မခွာလိုက်လာတဲ့ လူကြောင့် Jimin ချောင်ကျကျနေရာတစ်ခုသို့ လစ်ခနဲပုန်းလိုက်သည်...
"ကျစ်!ဘယ်ပျောက်သွားရတာလဲ"
အမဲဝမ်းဆက်နဲ့ မျက်နှာဖုံးတပ်ထားတဲ့လူဟာ အားမလိုအားမရပြောလာလျှင် သူကြောက်လန့်တကြား အသက်ပါအောင့်လိုက်မိသည်....
သူ..သူဘယ်လိုလုပ်ရောက်လာရတာလဲ~...
ကြောက်လန့်တကြားဖြစ်နေတဲ့ Jimin ထိုနေရာမှတုတ်တုတ်ပင်မရွေ့ချင်လောက်အောင် ကြောက်နေမိသည်....ဒါပေမဲ့လည်း သူအိမ်ကိုအမြန်ပြန်မှဖြစ်မည် Tae စောင့်နေသည်လေ...အရိပ်အခြေကြည့်ပြီး လူရိပ်မတွေ့တော့မှ သူကြောက်လန့်တကြားထိုနေရာနဲ့အဝေးဆုံးကိုပြေးမိသည် သို့သော်....
"Catch up!"
မဲ့ပြုံးတစ်ခုနဲ့ပြောလာတဲ့ ထိုလူက သူ့ရှေ့စိုက်စိုက်မြိုက်မြိုက်ရောက်လို့နေလျှင် Jimin ဖင်ထိုင်ရက်လေးလဲသွားတော့သည်....
YOU ARE READING
Be Friend And More...(Complete )
FanfictionUnicode ကိုယ်တို့ကမဖြစ်နိုင်ဘူးဆိုရင်တောင် မင်းနာကျင်တဲ့အခါ နားခိုရာရင်ခွင်တစ်စုံအဖြစ်တော့ ရှိနေချင်တယ်... Kim Taehyung... မင်းရဲ့ဘေးနားမှာအမြဲရှိနေတဲ့ ငါ့ကို ဘာလို့မမြင်ရတာလဲ ဒါမှမဟုတ် မျက်ကွယ...