အပိုင်း ၁၉

592 14 2
                                    

အပိုင်း ၁၉

"ဘာလို့ အားမရ ဟမ်..ခင်ဗျားကြီး နှာဘူးကြီး"

"ဟောဗျာ စွတ်စွဲနေပြန်ပါပြီကွာ, ဟက်"

စွာတေးလေးကိုကြည့်ပြီး ဂွန်းမှာအသဲပင်ယားလာရသည်ထိပင်။ဘယ်လို အူကြောင်ကြားလေးမှန်းကိုမသိတော့ပေ။

"ရုပ်ကြီးကိုက ပြည်တီတီနဲ့"

"ဟောဗျာ လွန်ငယ်လေး လူကိုစွတ်စွတ်စွဲစွဲနဲ့နော်"

"အဲ့ဒီ ကိုကိုတွေကရောဘာလို့ပြောနေတာလဲ ခင်‌ဗျားက"

"အယ်ဗျာ ခက်လို့တော့နေပါပြီ ကိုကိုမို့ကိုကိုပြောတာလေ ဘာလဲခင်ဗျားလေးမျက်လုံးထဲမှာရော ကိုယ့်ကို မိန်းကလေးလို့မြင်နေလို့လား မမလို့ပြောရမှာလား ကိုကိုလို့မပြောရတော့"

ဂွန်းပြောလိုက်တော့ မျက်စံအနက်ကလေးအပေါ်ဒေါင့်ကိုရောက်လာတဲ့ထိကိုမျက်စောင်းထိုးကာစိုက်ကြည့်လာပုံလေးက တကယ်ပင်အသဲယားဖွယ်ကောင်းလှသည်။ထိုလူသားလေးကတော့ သူ့ကိုယ်သူသိလိမ့်မည်မထင် တစ်ဖက်လူနှလုံးရောဂါရအောင် အမျိုးမျိုးပင်လုပ်ပြနေသလားတော့မပြောတက်ပေ။အကြည့်လေးဒိုင်းခနဲရောက်လာတာကိုပဲ ဂွန်းနှလုံးသားမတော့ ဖုတ်လိုက်လိုက်ပင်ဖြစ်နေပြီဖြစ်ခါ ကြာရင်တော့ ဂွန်းတစ်ယောက်ဆေးရုံကို နာတာရှည်နှလုံးလူနာအဖြစ်တောင်ရောက်ရှိနိုင်သည်ကအလွဲဧကန်ပင်ဖြစ်သည်။

"မမ‌ရဲ့မောင်လေးလွန်း အရမ်းချစ်တယ်နော် ဒီမမက"

လက်ညှိုးနဲ့မေးကိုထောက်ခါ ရှောက်သီးဆေးပြားသည် အခြောက်မကြီးစတိုင်နဲ့ လူကိုချွဲ့ချွဲ့နွဲ့နွဲ့လာလုပ်ပြနေသော ကိုကို့ကြောင့် လွန်းကြက်သီးများပင်ထလာရခါ ရီချင်စိတ်ကိုမြိုသိပ်ပြီး ထမင်းစာပွဲမှထပြေးလာခဲ့ရတော့သည်။

"အား!ထမင်းစားပျက်အောင်ဘာတွေလာလုပ်ပြနေလဲမသိဘူး အခြောက်မကြီး"

မျက်လုံးပြူးလေးနဲ့အော်ဟစ်ခါ ထမင်းစာပွဲမှထထွက်သွားသော ကောင်ငယ်လေးကြောင့် လှမ်းအော်စလိုက်ရင်း ဂွန်းလှိုက်လှိုက်လှဲလှဲပင် အော်ရယ်လိုက်မိသည်။

 💛အဖြူရောင်နှောင်ကြိုး💛ခေတ္တရပ်နား🙏Donde viven las historias. Descúbrelo ahora