ဆေးရုံကဆင်းသည်နှင့် အဖိုး၏ သြဝါဒများအား တစ်နာရီလောက်နားထောင်လိုက်ရသည်။
Jeon Jungkookဆိုသည်က ဒီဘက်နားကဝင်ရင်ဟိုဘက်နားကပြန်ထွက်သည့်အမျိုး။
မထုံတက်တေးလုပ်နေသော သားဖြစ်သူကို မာမီက မနိုင်ဘူးဆိုသောပုံစံဖြင့်စိတ်ပျက်လက်ပျက်လှမ်းကြည့်သည်။
"Jungkook!...J collectionကိုဦးစီးဖ်ို့လုပ်တော့.....ဘယ်ချိန်ထိ ပေတေလေလွင့်နေအုံးမှာလဲ?..အဖိုးက အသက်ကြီးပြီ...မင်းအဖေကလည်းကျန်းမာရေးကောင်းတာမဟုတ်ဘူး...J collectionရဲ့တစ်ဦးတည်းသောဆက်ခံသူက မင်းပဲ...အဖိုးတို့အဖေတို့ရဲ့သွေးချွေးနဲ့ရင်းထားတဲ့companyကို မင်းလက်ထက်ရောက်မှမပျက်စီးစေနဲ့...."
အဖိုး၏သြဝါဒကို ခေါင်းငုံ့ကာ အရိုအသေပြုရင်းမှ..
"ဟုတ်ကဲ့ပါအဖိုး...ကျွန်တော့်ကိုအချိန်တစ်ပတ်လောက်ပဲပေးပါ...ခနလောက်အနားယူပြီးရင်အဖိုးဖြစ်စေချင်တဲ့အတိုင်းဖြစ်စေရပါမယ်...."
ဒီcompanyကိုဦးစီးနိုင်ဖို့ လေ့လာစရာတွေရှိသေးသလို မိမိကို လုပ်ကြံသူကိုလည်း စုံစမ်းရပေအုံးမည်။
မာမီကတော့ စိုးရိမ်တတ်သူပီပီ ရန်ကိုရန်ချင်းမတုန့်ပြန်ပဲ ဒီတိုင်းထားလိုက်ဖို့သာ တဖွဖွဖြောင့်ဖျသည်။
မာမီ့အလိုကျ "ဟုတ်ကဲ့ပါ"ဟုပြောထားသော်လည်း သေချာပေါက်ကို လက်တုန့်ပြန်မှာ။
"အဖိုး မင်းကို ယုံကြည်ပါတယ်!..ငါ့မြေးက ထက်မြက်တဲ့သူတစ်ယောက်မို့J collectionကိုဦးဆောင်နိုင်မယ်လို့အဖိုးကယုံပြီးသား...."
JeonJungkookက အဖိုးလုပ်သူနဲ့ စိတ်ဓာတ်မာကျောတာရော သွေးအေးတာကအစ တစ်ပုံစံထဲတူတာကြောင့် အဖိုးက Jeon Jungkookကို ယုံကြည်သည်။
"စိတ်ချပါ...အဖိုးစိတ်မပျက်စေရပါဘူး..."
"အဟင်း!...ဘယ်လောက်ထိ လိမ္မာနိုင်မလဲစောင့်ကြည့်ကြသေးတာပေါ့ကွာ..."
အကြောင်းသိနေသော ဒယ်ဒီက ခပ်နောက်နောက်ပြောသည်။
လိမ္မာသွားတာမဟုတ်ပေမယ့် Jeon Jungkookဆိုတာ ဘယ်လောက်အဆိပ်ပြင်းတယ်ဆိုတာ ထုတ်ပြသင့်ပြီမဟုတ်လား..?