Uni~~
နွေဦးရာသီဖြစ်သည့်အတွက်
နွေဦးလေရူးတို့က
ပတ်ဝန်းကျင်တစ်ခုလုံးကိုဖုံးလွှမ်းလေပြီ။
နွေဦးရာသီ၏အလှတန်ဆာဖြစ်သော
ချယ်ရီပန်းလေးများလည်း
လေသယ်ဆောင်ရာကိုမျော့လွှင့်နေသည်။
လေတစ်ချက်ဝေ့လိုက်တိုင်း
မြေပေါ်ကိုကျဆင်းလာသည်။လမ်းမကြီးပေါ်တစ်လျှောက်
လေတိုက်တိုင်းမျောပါသွားတဲ့ပွင့်ချပ်လေးများကို
ကော်ဖီဆိုင်လေးရဲ့ကောင်တာလေးဆီကနေ
Jimin လူနည်းပါးတဲ့အချိန်တိုင်းလိုလို
ငေးမောကြည့်နေမိသည်။လမ်းမပေါ်တစ်လျှောက်ပြန့်ကျဲနေတဲ့
အပန်းရောင်ပွင့်ချပ်လေးတွေနဲ့ညီစွာ
ကော်ဖီဆိုင်လေးလည်း
အေးအေးချမ်းချမ်းလေးတည်ရှိနေပြန်သည်။
ပတ်ဝန်းကျင်ကြောင့်ဆိုင်လေးရဲ့
အပြင်အဆင်ကပိုပြီး
အသက်ဝင်နေခဲ့သည်။ခွမ်း!!
လေယူရာလွှင့်သွားတဲ့
ပွင့်ချပ်သေးသေးလေးတွေကိုကြည့်နေရင်း
ထောင့်တစ်နေရာကနေ
တစ်ခုခုကျကွဲသံကြားလိုက်ရသည်။
သာယာနေတဲ့ပတ်ဝန်းကျင်ထံ
တခနတွင်းချင်းဆူညံသံတွေက
အစားထိုးဝင်ရောက်လာသည်။ဆိုင်အတွင်းရှိလူတစ်ချို့၏
အကြည့်များသည်လည်း
ထိုအသံလာရာဆီတွင်သာရှိနေကြသည်။
Jimin ကောင်တာဆီမှာထိုင်နေရင်းနဲ့
အသံလာရာသွားလိုက်မိသည်။
စားသုံးသူတစ်ချို့ကို
ဦးညွှတ်ပြီးတောင်းပန်ခဲ့လိုက်သည်။
ဆိုင်ပိုင်ရှင်ဖြစ်သည့်အတွက်
ဆိုင်အတွင်းဖြစ်သောကိစ္စတစ်စုံတစ်ရာသည်
သူနဲ့ပင်သက်ဆိုင်သည်ဖြစ်၏။အပြေးလေးသွားလိုက်တော့
ကြမ်းပြင်ပေါ်မှာရှိနေတဲ့ဖန်ခွက်ကွဲအပိုင်းအစလေးတွေ။
နှစ်ယောက်ထိုင်စားပွဲလေးမှာ
မျက်နှာချင်းဆိုင်ရှိနေသော
အမျိုးသားနဲ့အမျိုးသမီးတစ်ဦး။
အဖြူရောင်ဂါဝန်လေးကို
ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားသောအမျိုးသမီးသည်
တည်ငြိမ်နေပုံမရဘဲ
ဒေါသကြောင့်တုန်လှုပ်နေပုံကိုတွေ့ရသည်။Jimin တစ်ဖက်ကိုအကဲခတ်မိတော့
ဆံပင်သားနက်နက်တွေအား
နဖူးပြင်ကိုမြင်သာအောင်
နောက်သို့လှန်တင်ထားသည်ကိုတွေ့ရသည်။
ဒါပေမယ့် ရေစက်တွေကြောင့်
တစ်စွန်းတစ်စလေးနဖူးပြင်ပေါ်ကိုကျနေသည်။
ခပ်ပါးပါးနှုတ်ခမ်းထက်ဝယ်
နှုတ်ခမ်းပါးအောက်ကမှဲ့နက်လေးကိုမြင်သာသည်အထိ
ပြုံးထားပြန်သည်။
ပျော်ရွှင်နေသည်ကြောင့်မဟုတ်ဘဲ
လှောင်ရယ်ချင်သောပုံစံဖြင့်
ခပ်မဲ့မဲ့ပြုံးပြနေသည်ဟု Jimin မှတ်ချက်ချမိသည်။
YOU ARE READING
WE'RE NOTHING ALIKE (One short)
FanfictionJikook / minkook (one short) ( Birthday Present for my fav Author @violet_1317 )