" ဘာလို့ ထပ်ပြီး ကျူးလစ်ဝါတွေပဲလဲ ဆောင်းဟွန်း "
" ကျူးလစ်ဝါတွေလေ .. ဂျေး ။
တန်ဖိုးကြီးတယ် "______________
" အဲ့ဒီတော့ မင်းက ဒီအတိုင်းပဲ အမေရိကကို လိုက်သွားလိုက်တော့မယ်ပေါ့ ။ မင်းပဲ ဒီမှာတစ်သက်လုံးနေမှာဆို "
ဆောင်းဟွန်းရဲ့ တစ်လုံးချင်းထွက်လာသည့် စကားသံတွေက ဒေါသသံ စွက်လို့နေသလား ဂျေး မသိ ။ ခုနကမှ လက်ထဲရောက်လာသည့် ကျူးလစ်ဝါတွေကိုသာ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားမိသည် ။
" ငါလည်း မတတ်နိုင်လို့လို့ ပြောပြီးပြီပဲ ဆောင်းဟွန်း "
" မင်းပဲ ငါ့ကို မထားခဲ့ဘူးဆို ။ မင်းမှာ အချစ်ဆုံးသူငယ်ချင်းဆိုလို့ ငါပဲရှိတာဆို ။ ငါသိခဲ့တယ် ။ ဟိုးအစတည်းက ငါ့ကိုထားခဲ့မယ်ဆိုရင် ငါနဲ့ သူငယ်ချင်းမလုပ်နဲ့လို့ ငါပြောခဲ့တယ်မလား !! "
အထက်တန်းပထမနှစ်မှာ တစ်ယောက်တည်းထိုင်သည့် ဆောင်းဟွန်းကို စပြီး သူငယ်ချင်းဖွဲ့ခဲ့သူက ဂျေး ။
လက်မခံချင်ခဲ့သည့် ဆောင်းဟွန်းက တစ်ရက်မှာ သူ့ကိုမထားခဲ့မှ သူငယ်ချင်းလုပ်မယ်လို့ ကတိတောင်းလာမှ အဲ့ဒီကတိအထပ်ထပ်ကို ဂျေးက ပေးခဲ့တာ ။အော်ဟစ်ကာ ပြောဆိုလာသည့် ဆောင်းဟွန်းက သူမရောက်ချင်ခဲ့သည့်အတိတ်တွေဆီကို ခဏတော့ တစ်ဖန်ပြန်ပြီး ရောက်သွားသည့်ပုံ ။
ငယ်ငယ်တည်းက ပေါင်းလာသည့် တစ်ဦးတည်းသော သူငယ်ချင်းက အလယ်တန်း နောက်ဆုံးနှစ်လည်းပြီးရော ဘာမှမပြောဘဲ ကျောင်းပြောင်းသွားသည်မို့ ဆောင်းဟွန်းက သူ့ကို ထားခဲ့တာကို ကြောက်ခဲ့သည် ။" အရင်ကလို ခေတ်မှ မဟုတ်တော့တာ ဆောင်းဟွန်း ။
အဆက်အသွယ်ပြတ်အောင် နေကြမှာမှ မဟုတ်တာ "" ဟင့်အင်း .. ပတ်၀န်းကျင်အသစ်မှာ နေမယ် ။ ပြီးရင် ငါ့ကိုမေ့ပျောက်လာမယ် ။ မင်းလည်း သူများတွေနဲ့ ဘာမှမထူးဘူးပဲ ။ မင်းလည်း ငါ့ကိုထားခဲ့ဖို့ ကြံသွားတာပဲ "
လှည့်ထွက်လာခဲ့သည့် ဆောင်းဟွန်းက ဂျေးကို တစ်ချက်တောင် ပြန်လှည့်မကြည့် ။ ဂျေးကလည်း လိုက်ပြီး မခေါ်ခဲ့ပါ ။
![](https://img.wattpad.com/cover/307747328-288-k156205.jpg)
YOU ARE READING
Daisies And Yellow Tulips || JayHoon
Fanfiction" မင်းက ဘယ်ပန်းတွေကို အကြိုက်ဆုံးလဲ ဆောင်းဟွန်း " " ကျူးလစ်ဝါတွေ .. မင်းကရော ဂျေး " " ဒေစီတွေလေ ချစ်မဝရတဲ့ ငါ့ရဲ့ဒေစီတွေ...။ " Birthday present for my beloved mama chu 💝