" ကလေး.. ထတော့လေ..။
၁၁ ခွဲရှိနေပြီ ။ online class က ၁ နာရီမဟုတ်လား.."နားထဲတွင်ကြားလိုက်ရသော နွေးထွေးသည့်
အသံရယ်၊ နဖူးထက်မှ နူးညံ့သည့် အနမ်းတစ်ပွင့်ရယ်ကြောင့် ဂျုံအင် စိတ်ကြည်ကြည်လင်လင်ပင်
နိုးထလာရ၏။" ဆယ်ဟွန်း ဒီနေ့ အလုပ်မသွားရဘူးလား.."
မျက်လုံးကို ပွတ်ရင်း အိပ်မှုံစုံမွှားပြောလိုက်သည့်အခါ ဆယ်ဟွန်းက ထိုလက်တွေကို ဆွဲ၍တားကာ
ဂျုံအင်၏ သေချာမပွင့်သေးသည့် မျက်လုံးလေးတွေထက်ကို ဖွဖွနမ်းလာသည်။"မင်းနဲ့ အတူထမင်းစားဖို့ ခဏပြန်လာတာလေ..။
ကျွန်တော်ဒီနေ့ client နဲ့တွေ့စရာ က ညနေမှ ရှိလို့""ဪ.."
"ထတော့.. အိပ်ပုပ်လေးရဲ့..။
ကျွန်တော် ဗိုက်ဆာနေပြီ။"ဂျုံအင်ရဲ့ လည်တိုင်လေးကို တိုးဝှေ့နမ်းရှိုက်ရင်း
ဆယ်ဟွန်းက ပြောလိုက်သည့်အခါ
ဂျုံအင်က ရယ်၍ လက်တွေကို သူ့ကိုဆွဲထူပါ
ဆိုသည့် ပုံစံဖြင့် ကမ်းပေးလာသည်။ဆယ်ဟွန်းက ထူပေးလိုက်သည့်အခါ ..
ဆယ်ဟွန်းရဲ့ လည်တိုင်ကို ဖက်လိုက်ပြီးမှ ..
နှုတ်ခမ်းပါးကို ဖြတ်ခနဲ ဖွဖွနမ်းသွားကာ
ခုတင်ပေါ်မှပြေးဆင်း၍ ရေချိုးခန်းရှိရာ ထွက်သွား
လေသည်။" ညစ်ပတ်လေးဗျာ..။ မျက်နှာလည်းမသစ်၊
သွားလည်းမတိုက်ရသေးဘဲ
ရသေးဘဲ ကျွန်တော့်ကို နမ်းသွားတယ်.."ဆယ်ဟွန်းကရယ်၍ ပြောလိုက်သည့်အခါ
ရေချိုးခန်းထဲမှ ဆူပုပ်ပုပ်နဲ့အော်လိုက်သည့်
အသံလေးထွက်လာခဲ့သည်။" မကျေနပ်ရင် နောက်ခါ မနမ်းဘူး ! သိလား !"
ဆယ်ဟွန်းချစ်ရသည့် ဂျုံအင့်ရဲ့
မသိမသာဂျစ်တိုက်သည့် အကျင့်လေးဟာ..
ပြောင်းလဲရန်မရှိ။.
.
.ရေချိုးခန်းထဲတွင်ရှိနေသည့် သွားတိုက်ဆေးတင်ပြီးသား သွားတိုက်တံလေးနှင့် တဘက်ဖြူလေးကို ကြည့်ကာ ဂျုံအင်ပြုံးလိုက်မိသည်။
အတူနေခဲ့သည့် အချိန်သုံးလကျော်အတွင်းမှာ..
ဆယ်ဟွန်းဆိုတာ ဂျုံအင့်ကို အဖက်ဖက်မှ
ဟာကွက်မရှိအောင် ဂရုစိုက်ပေးခဲ့သူဖြစ်သည်။