(Zawgyi)
" ဟယ်လို...ကိုကိုလား..."
" အင်း...ဖုန်းဆက်တာ..ဘာကိစ္စ "
" အာ...ဘာရယ်မဟုတ်ပါဘူး..ဟို...
ကိုကိုဘယ်အချိန်လောက်ပြန်လာမှာလဲ "" နောက်ကျမယ် "
" အာ့ဆို...စောင့်...."
" မစောင့်နဲ့။အလုပ်ကကြာမယ်ထင်တယ်။
ပြီးတော့ အခုမအားသေးဘူး...ဒါပဲနော် "" ဟို~~~ "
ပြောမယ့်စကားတောင် မဆုံးသေးခင် တီ!ခနဲ
ကျသွားတဲ့ ဖုန်းလေးကို ကြည့်ပြီး စိတ်ထဲမသိမသာ ပိစိလေးတော့ ဝမ်းနည်းမိတယ်။ဒီနေ့က ကိုကို့မွေးနေ့။
ဒါလည်း ကိုကိုက မှတ်မိပုံမပေါ်ပါဘူး။
ဒါကြောင့် မွေးနေ့ကိတ်လေးလုပ်လာပြီး
surprise လုပ်မို့ကို...အခုတော့....။ခုနက အထိ တက်ကြွနေတဲ့ ရိပေါ်ရဲ့
စိတ်ကလေးက အခုတော့ ဘယ်သောင်၊ဘယ်ကမ်း
ရောက်သွားမှန်းမသိ။အရှေ့က မွေးနေ့ကိတ်ကိုကြည့်ပြီး
နှုတ်ခမ်းသာစူမိတယ်။ဒီး~~ဒီး~~
လက်ထဲကဖုန်းရဲ့ vibration ကြောင့်
ကိုကို များလားဆိုတဲ့ မျှော်လင့်ချက်လေးက Contact မှာပေါ်နေတဲ့ nameကြောင့်
ကြက်ပျောက်၊ငှက်ပျောက်။" ဘာကိစ္စ...ဆက်တာလဲ "
" အသံကလည်း..မာလိုက်တာ "
" လိုရင်းကိုပြော "
ရိပေါ်က အဲ့လိုပဲ...ကိုကိုမှမဟုတ်ရင်
တခြားလူတွေကို သိပ်စိတ်မရှည်ဘူး။" ခဏလောက်...တွေ့ရအောင် "
" မအားဘူး "
" လုပ်ပါကွာ...မင်းဘဲကြီးက...ကုမ္ပဏီမှာ
အလုပ်ရှူပ်နေတယ်ဆိုတာ...ကိုယ်သိပြီးသား "ရိပေါ်..ဘာမှဆက်မပြောချင်တော့၍
ဖုန်းသာချပစ်လိုက်သည်။လူက စိတ်မကြည်ပါဘူးဆိုမှ...။
:::::::::::::::::::::::
" ဘာလဲပြော..တွေ့ချင်တဲ့...အကြောင်းအရင်းက "
မျက်ခုံးနှစ်ဖက်ကို ထိလုမတတ်ကျုံ့ ပြီး
စူပုတ်ပုတ်မျက်နှာဘေးလေးနဲ့ ပြောလာတဲ့
ကောင်လေးကြောင့် ရှောင်းကျန့် ဟန်မဆောင်နိုင်
စွာပြုံးမိတယ်။
YOU ARE READING
𝚆𝚑𝚎𝚛𝚎 𝙳𝚘𝚎𝚜 𝙻𝚘𝚟𝚎 𝙲𝚘𝚖𝚎 𝙵𝚛𝚘𝚖?
Fanfiction𝙻𝚘𝚟𝚒𝚗𝚐 𝚢𝚘𝚞 𝚒𝚜 𝚕𝚒𝚔𝚎 𝚑𝚊𝚟𝚒𝚗𝚐 𝚊 𝚋𝚎𝚊𝚞𝚝𝚒𝚏𝚞𝚕 𝚠𝚘𝚞𝚗𝚍 ♡︎