Silent (Oneshot)(Unicode)

13K 616 56
                                    

နေမင်းကြီးကလည်းသူ့ရဲ့တစ်နေ့တာကိုလုပ်ဆောင်ဖို့ပေါ်ထွက်လာသလို..လူတွေကလည်းသူတို့ရဲ့တစ်နေ့တာကိုဖြတ်သန်းဖို့အတွက်သွားလာနေကြတယ်။သွားလာနေကြတဲ့သူတွေထဲကမှစကားပြောရင်းသွားလာနေကြတဲ့သူတွေ၊တစ်ယောက်ကိုတစ်ယောက်ပြုံးရယ်ပြရင်းနှုတ်ဆက်သွားလာနေကြတဲ့သူတွေလည်းအပါအဝင်ပေါ့။အဲ့ထဲကမှထူးခြားနေတာကသွားလာနေကြတဲ့သူတွေကိုမျက်ရည်တွေဝဲပြီးငေးကြည့်နေတဲ့ကောင်လေးတစ်ယောက်။ထိုကောင်လေးကတော့...ရောင်....တဲ့။

ကျွန်တော့်နာမည်ကတော့ရောင်တဲ့။အသက်ကတော့21ရှိပြီး။ရောင့်မှာမိဘတွေတော့မရှိတော့ဘူး။ရောင့်ကိုငယ်ငယ်လေးကတည်းကမမနွေကဘဲစောင့်ရှောက်လာတာလေ။သူငယ်ချင်းတော့မရှိဘူး...။ရောင့်ကိုလူတော်တော်များများကဆင်းရဲလို့မိဘမဲ့ဖြစ်လို့ဆိုပြီးမပေါင်းချင်ကြဘူးလေ။အစကတော့နေ့တိုင်းငိုနေရတယ်...ကြာလာတော့မငိုမိတော့ဘူး။သူတို့မပေါင်းချင်မှတော့လည်းရောင်လည်းဘယ်တက်နိုင်မလဲ။ရောင့်ဘဝမှာလူနှစ်ယောက်ဘဲလိုအပ်တယ်။တစ်ယောက်ကမမနွေ၊နောက်တစ်ယောက်ကရောင့်ရဲ့ရှင်သန်ရာဖြစ်တဲ့..…ကိုကို။ဟုတ်တယ်ကိုကို.....ရောင့်ရဲ့ရှင်သန်ရာလေးဖြစ်တဲ့ရှင်းဝဏ္ဏကို။ရောင်ကgayပါ။ဒါပေမဲ့ရောင်gayတာကိုကိုတစ်ယောက်တည်းအတွက်ပါ။ရောင်က......ကိုကို့ကိုအရမ်းချစ်တာ။

ကိုကိုကKZ Companyပိုင်ရှင်တစ်ယောက်လေ။ကိုကို့အသက်က30ရှိပြီး။စူးရှတဲ့မျက်ဝန်းတစ်စုံပိုင်ဆိုင်ထားတဲ့ကိုကိုကရောင့်ရဲ့နှလုံးသားကိုလှုပ်ခတ်သွားအောင်ဆွဲဆောင်နိုင်တယ်။ရောင်....အရမ်းချစ်တဲ့ရောင့်ရဲ့ကိုကို။ကိုကိုကရောင့်ကိုချစ်ရဲ့လားလို့မေးရင်တော့....ကိုကိုကရောင့်ကိုချစ်ပါတယ်။တစ်ခုဘဲရောင်ကကိုကို့ရဲ့........ Silent......။

Ring....Ring....Ring

"Helloကိုကို"

"အင်းးးး‌ကိုယ်ကားလွှတ်လိုက်တယ်...အဲ့ကားနဲ့လိုက်ခဲ့ရောင်"

"ဟု.....တီ....တီ"

ရောင်ပြောနေတဲ့စကားတောင်မဆုံးသေးဘူးကျသွားတဲ့ဖုန်းလေးကိုကြည့်ပြီးကျလာတဲ့မျက်ရည်တွေကိုသုတ်ပစ်ကာ......

Silent (Oneshot)Where stories live. Discover now