"မနေ့ကဆေးရုံကို ကနေဒါကဆရာဝန်အသစ်လေးတစ်ယောက် ရောက်လာတယ်ကြားတယ် တွေ့ပြီးပြီမလား"
ဆေးရုံအဆောင်ခန်းထဲမှထွက်လာတဲ့ သူနာပြုလေးရဲ့ခပ်တိုးတိုးပြောသံ
"ဆရာဝန်လေးကအရမ်းချောတာ ငယ်ငယ်လေးရှိသေးတယ် လူနာကောင်လေးတစ်ယောက်နဲ့အတူ ပြောင်းလာတယ်ကြားတာပဲ"
"ဆေးရုံအုပ်ပြောတာတော့ ဆရာဝန်လေးကအရည်အချင်းတော်တော်ရှိတယ်တဲ့။ဘာလို့များ ဒီလိုချောင်ကျတဲ့နေရာမျိုးကို ပြောင်းလာလဲမသိဘူးနော်"
အော်..လူတွေများစပ်စုလိုက်ကြတာ လုပ်စရာမရှိ သူများအကြောင်းထိုင်ပြောနေပြီးသိချင်နေကြတယ်။
လွန်ခဲ့တဲ့နာရီပိုင်းကမှ ခွဲခန်းဝင်ထားလို့ အပြည့်အဝအနားယူနေချိန် ကြားနေရတဲ့သူနာပြုမလေးတွေရဲ့အသံကြောင့် kham စိတ်ပေါက်ပေါက်နဲ့တွေးမိသည်။
ထိုအချိန် kham ဆီလျှောက်လာနေတဲ့ အမေနဲ့ ဆွေမျိူးများတစ်သိုက်ဒီနေ့နားအေးပါးအေးနေဖို့ လမ်းစမမြင်တော့တာ သေချာနေပါပြီ။
" နင်မသေသေးဘူးနော် Kham ငါကနင် အသက်မရှိတော့ဘူးတောင်ထင်နေတာ "
" အမလေး အခုကျတော့မှသူမဟုတ်သလို ငြိမ်နေတာ သမီးရေ အဲ့လိုလမ်းဘေးပေါက်ကရတွေလျှောက်မစားနဲ့ဆိုတာ စကားနားမထောင်တာလေ ထမင်းကျတော့ကောင်းကောင်းမစား အသင့်စားအစားအစာတွေကျသိပ်ကြိုက်တာ$&**$@& "
စသဖြင့် မပြီးဆုံးနိုင်သောအမေ၏ချီးမွန်းခန်းများနဲ့အတူ ပိုပိုဆူညံလာသောအခန်းငယ်
ကြားနေရသောအသံများကို တစ်ဖက်နားဝင်တစ်ဖက်နားထွက် ထိုင်နားထောင်နေစဥ် စောနက သူနာပြုမလေးတွေရဲ့လှုပ်လှုပ်ရှားရှားအသံကြောင့် အခန်းပေါက်ဝကိုအာရုံပြုလိုက်မိတယ်။
ဖွေးဆွတ်နေတဲ့ ဂျူတီကုတ်လေးနဲ့ ခပ်ပြုံးပြုံးဆရာဝန်လေးတစ်ယောက် အခန်းထဲကိုဝင်လာနေတာကိုမြင်လိုက်ရသည်။
တပြိုင်နက်ထဲမှာပဲ ခေါင်းထဲဒိန်းဆိုမီးပန်းများပွင့်သွားသလိုပင်ခံစားလိုက်ရသည်။ ဒီဆရာဝန်လေးက Baekhyun မဟုတ်လား။
YOU ARE READING
Until You