ဒီနေ့ကရောင်နီဆည်းဆာနှင့်ကိုကိုမောင်တို့၏တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့ဖြစ်သည်။၃လကြာမေ့မြောပြီးမှသတိရတာလည်းဖြစ်သောကြောင့်စံအိမ်ခြံဝန်းထဲတွင်စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိသည်။ရန်ကုန်မြို့ရဲ့မြို့မျက်နှာဖုံးလည်းတစ်ဖြစ် မြို့အုပ်လည်းဖြစ်တာကြောင့်လူကုံထံများနှင့်အတူ တစ်ခြားအသိုင်းဝိုင်းများထဲမှရာထူးကြီးသူများလည်းလာကြသည်။
လူတစ်ချို့ကစံအိမ်ထဲမှခန့်ညားထည်ဝါတဲ့ကောင်ငယ်လေးတစ်ယောကပြုံးပြီးထွက်လာတာကို ငေးကြည့်နေမိသည်။ထိုသူမှာတစ်ခြားသူတော့မဟုတ် မြို့အုပ်ရဲ့ချစ်သည်းသက်ပင်ဖြစ်သည်။
လူတစ်ချို့နဲ့စကားပြောနေသူကိုမောင်မှာတော့ လူတွေရဲ့အကြည့်ဘက်သို့ကြည့်လိုက်သည်။သူရှိရာဘက်သို့ ပြုံးလျက်ဖြေးညှင်းစွာလျှောက်လှမ်းလာခဲ့သည်။ပြီးနောက်လက်ကိုချိတ်လျက်
"မောင်ဘာကိုကြောင်နေတာလဲ"
ကိုမောင်တစ်ယောက်ကြောင်လျက်သားပင်သူ့ရှေ့ကကောင်ငယ်လေးကိုကြည့်နေမိသည်။ချစ်ရတဲ့သည်လူသားလေးမှာသူ့ရဲ့ခင်ပွန်းသတဲ့လား။
"ဟော်ဗျာ မောင့်ရဲ့ရောင်နီလေးက သည်ညမှာကြည့်လို့ကောင်းနေတော့မောင်က ကြည့်မဝဖြစ်နေတာပါဗျာ။"
ရောင်နီကပြုံးလျက် ကိုမောင်လက်မောင်းလေးကိုဖြေးညှင်းစွာရိုက်လိုက်သည်။ကိုမောင်ဘေးနားကလူတစ်ချို့က
"ရောင်နီဆည်းဆာဆိုသူလားဗျ"
ကိုမောင်ကရောင်နီ့ရဲ့လက်ကလေးကိုဆုပ်ကိုင်ပြီးသူတို့အနားသို့သွားကာဆုပ်ကိုင်ထားတဲ့လက်ကလေးကိုထောင်ပြလိုက်ကာ
"ဟောဒီက ကောင်ငယ်လေးက ကျုပ်ရဲ့ချစ်လှစွာသောအကြင်ခင်ပွန်းလေးပါ။"
"မြို့အုပ်ကလည်းတမ်းတမ်းစွဲဖြစ်နေတာမဆန်းတော့ပါဘူးဗျာ တကယ့်ကိုကြည့်ကောင်းပါပေတယ်။နှစ်ဦးသားလိုက်ဖက်ပါဘိ"
ဘေးနာအသက်ကြီးကြီးလူတစ်ဦးမှလည်း
"မြို့အုပ်သတိမေ့တဲ့ကာလတစ်ပတ်လုံး ရောင်နီက မြို့အုပ်နဲ့ပက်သတ်တဲ့အလုပ်တွေအပြင် တရားခံကိုလည်းကိုယ်တိုင် ရှာခဲ့တယ်ဆိုတာကြားသိရတော့တကယ်လေးစားပါတယ်။"