╬ - 9

119 6 38
                                    

"ချာတိတ် ကိုယ်တို့ တွဲကြရအောင်"

** ဘာရယ်! ငါနားကြားမှားနေတာလား

"ဒီခံစားချက်ကို ဘယ်လိုပြောရမှန်းမသိပေမဲ့ တခြားလူနဲ့ တွဲမြင်ရတာကို သဘောမကျဘူး အရမ်းရင်းနှီးနေတာကိုလဲ မကြိုက်ဘူး ကိုယ်နဲ့ပဲရင်းနှီးပြီး ကိုယ့်အနားမှာပဲ ထားချင်တာ ဒါကြောင့် ကိုယ်တို့ တွဲကြရအောင် ကိုယ်နဲ့ Date ရအောင် ကိုယ့်ကောင်လေး ဖြစ်ပေးမလား"

"ဟင့်အင်း"

"ဟင် ဘာကို ဆိုလိုတာလဲ"

"ငြင်းလိုက်တာလေ အဲ့လိုတွေ ဇွတ်မလုပ်ပါနဲ့ ကျနော်မကြိုက်ဘူး"

"ဘာလဲ အသစ်ရောက်လာတဲ့ တစ်ယောက်ကြောင့်လား သူကဘယ်သူလဲ ဘယ်လိုပတ်သတ်နေတာလဲ ချာတိတ်ရဲ့ ချစ်သူလား ဒါကြောင့် ကိုယ့်ကိုငြင်းတာလား "

"BeomGyuနဲ့ ဘာမှမဆိုင်ဘူး ကိုယ်ထင်တာတွေ လျှောက်ပြောမနေနဲ့ ပြီးတော့ အရာရာကို ပေါ့ပေါ့တန်တန် မတွေးပါနဲ့ ကျနော့်ကို လွယ်လွယ်ရမဲ့လူစားမျိုးလို့ထင်နေတာလား ဒီလိုပဲ ပေါ့ပျက်ပျက်သဘောထားတာလား"

"အဲ့လိုမဟုတ်ဘူးလေ ကိုယ်ပြောချင်တာက--"

"အခုတွေ့ အခုကြိုက် ပြောလိုက်တာနဲ့ တန်းလက်ခံမယ်လို့ တွေးနေတာလား ကျနော့်ကို Hyung ဘေးနားမှာ ဝိုင်းနေတဲ့ သူတွေနဲ့ တစ်တန်းထဲလို့ ထင်နေတာလား Hyung ရဲ့ အမြင်တွေ အတွေးအခေါ်တွေ ပြောင်းသင့်တယ် လေးလေးနက်နက်တွေးစေချင်တာ ဖွင့်ပြောတယ် တွဲကြတယ်ဆိုတာ လူတွေရဲ့ခံစားချက်နဲ့ဆိုင်တယ် အဲ့ဒါက အပျော်လုပ်ရမဲ့အရာမဟုတ်ဘူး! ကျနော်သွားနှင့်ပြီ"

*BeomGyu လို့ ပြောသွားတာမလား ဒီကောင်တော့ သေတော့မယ် အခုတော့ ချာတိတ်က ငါ့ကို တစ်မျိုးထင်သွားပြီ
ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကိုငြင်းသွားတာကတော့ အမှန်တရားပဲလေ။ လက်မခံနိုင်လောက်ဘူးဆိုတာသိပေမဲ့ ဒီလို ခါးခါးသီးသီးငြင်းမယ်လို့တော့ မထင်ထားမိခဲ့ဘူး နည်းနည်းတော့ နာကျင်ရတာပေါ့ အဲ့လောက်ထိ ကိုယ့်ကိုယ်သဘောမကျတာလား.....

-----------
📳📲 YeoYeo 🐶

"Hello Sangie Hyung

🐶 အွန်း Tae လေး ဘာလို့လဲ တစ်ခုခု ထူးတာရှိလို့လား

I Still Do ¶TaeJun¶Where stories live. Discover now