Ones in the Millions (Part-39)
'ကျေးဇူးပါပဲဟာ..´
Kibum တစ်ယောက် ခရီးဆောင် သေတ္တာ အား လှည်းထဲမှ ဆွဲချရင်း Taeyeon အား လှမ်းပြောလိုက်လေသည်..။
'မလိုပါဘူး နင်ကလဲ? ငါလဲ ခရီး ထွက်ချင်နေတာ ကြာပြီ..´
'အင်း..နင်ပါလို့.. မဟုတ်ရင် Miyoung နဲ့ ငါနဲ့ နှစ်ယောက် ထဲ ဆို..အဆင်..အဲ..မပြေ..´
Kibum တစ်ယောက် မုန့်ဆိုင်ထဲမှ မုန့်တွေ မနိုင်မနင်း ဝယ်ကာ သူတို့ဆီ လျှောက်လာသော Miyoung အား ကြည့်ကာ ပြောလိုက်လေသည် ။
'Aigoo.. Kibum ah! ဒီ ခေတ်ကြီးထဲမှာ နင့်လို ယောကျာ်း မျိုး ရှားသွားပြီ.. ရှားသွားပြီ..´
Taeyeon မှာ သူ့ပုခုံးအား ပုတ်ကာ ပြုံးစိစိ နှင့်ပြောလိုက်လေကြောင့် သူ ဟက်ဟက်ပက်ပက် ရီလိုက်လေသည် ။
'ဘာတွေ ရီနေတာ လဲ??´
Miyoung မှာ ရေခဲမုန့် စားရင်း သူတို့ နှစ်ယောက် အား မေးလိုက်လေသည် ။
'Arrnye!´
သူတို့ နှစ်ယောက် မှာ တစ်ပြိုင်နက်တည်း ပြောလိုက်သဖြင့် Miyoung မှာ မျက်မှောင်ကြုတ် ကာ ကြည့်လိုက်လေသည် ။
'Yayy..သွားမယ်.. ပင်လယ် ကြီးကို သွားကြည့် ကြမယ်..´
Miyoung မှာ ကလေး လို အော်ရင်း Taeyeon တစ်ဖက် Kibum တစ်ဖက် လက်အား ချိတ်ကာ လေဆိပ်မှ အော်ရင်း သူတို့ သုံးယောက် ပျော်ရွှင်စွာ ထွက်လာ ခဲ့ကြတော့သည်..။
**********
'Kim Kibum! နင် အိမ် ဘယ်နှလုံး တောင် ပိုင်တာလဲ??´
Taeyeon စကား ကြောင့် အိမ်တံခါး ဖွင့်နေသော Kibum တစ်ယောက် ရီလိုက်ရင်း ..။
'Yahh.. နင်ပြောတဲ့ ပုံက ငါက ဘောစိ ကျနေတာပဲ.. ပြီးတော့ ငါ ပိုင်တာ မဟုတ်ပါဘူး ဟာ.. ငါ့ မိဘ ပိုင်တာပါ..´
'နင်တို့ မရှိတဲ့ အချိန်ဆို ဒီ ဂျယ်ဂျူကျွန်းက အိမ်ကို ဘယ်သူ စောင့်လဲ??´
YOU ARE READING
Ones in the Millions(Hiatus)
Любовные романыSHINee : ကျွန်တော် တို့ 5ယောက် လုံး ကောင်မလေး တစ်ယောက်တည်း ကို မတူညီတဲ့ ပုံစံမျိုးနဲ့ တွေ့ဆုံ ခဲ့ပြီး တူညီတဲ့ အချစ် တစ်မျိုးတည်း နဲ့ ချစ်မိခဲ့ ကြတယ်..။ Park Miyoung (Reader) တစ်ချိန်ထဲမှာ လူ 5 ယောက် လုံးကို ချစ်မိသွားဖို့ ဆ...