ဝမ်ရိပေါ်နှင့် ရှောင်းကျန့်သည် ဧကရာဇ်၏ ကောင်း မှု ကြောင့် နယ်စပ်ဒေသသို့ သာမန်အရပ်သား အနေဖြင့် သွားနေရတော့မည်။
သာမန် အရပ်သား အသွင်ကိုသာ ဆောင် စေတာကြောင့် ဖျင် အင်္ကျီနှင့် နှီးဖိနပ်ကိုသာ နှစ်ဦးစလုံးအား ဆင်မြန်းစေသည်။
နန်းတော်မှ မည့်သည့် ပစ္စည်းကိုမှ ယူဆောင်သွားခွင့် မရှိဟုလည်း ဧကရာဇ်က မိန့်ထားသည်မို့ ယခုဆို ဝမ်ရိပေါ်နှင့် ရှောင်းကျန့်ဟာ ဘာပိုင်ဆိုင်မှု မှ မရှိတဲ့ လူငယ်လေးတွေ ပုံစံမျိုး ဖြစ်၏။
သို့သော် နှစ်ယောက်စလုံး၏ ရုပ်ရည်သွင်ပြင်သည် မူလပုံစံအနေအထား မှ တစ်ပြားတစ်ချပ် မှ လျော့မသွားပေ။ ချောမြဲ ချောဆဲ၊ လှမြဲ လှဆဲ ပင် ဖြစ်သည်။
ဧကရာဇ် တဖြစ်လဲ ဝမ်ရိပေါ်၏ ခမည်းတော်က ဝမ်ရိပေါ်နှင့် ရှောင်းကျန့်ကို အဝတ်အစား သုံးစုံလောက် ပါသည့် အဝတ်ထုပ် တစ်ထုပ်စီနှင့် ကြေး ဒင်္ဂါး အနည်းငယ်သာ ပေး၍ နန်းပြင်သို့ စေလွှတ်လိုက်သည်။
ဝမ်ရိပေါ်အတွက် ဒီအခြေအနေဟာ လက်ခံချင်စရာ ကောင်းမနေဘူး။
ဝမ်ရိပေါ်ရဲ့ မယ်တော်ကတော့ အရပ်သူ ဟုတ်ပါတယ်။ ဒါပေမဲ့ ရိပေါ်ကတော့ တစ်ခါမှ နန်းပြင်ကို မထွက်ဖူးသလို ဒီလိုပုံစံမျိုးကိုလည်း ဘယ်တုန်း ကမှ မဝတ်ခဲ့ဖူးဘူး။
အမြဲ တမ်း ရွှေဒင်္ဂါးတွေ ဖြင့်သာ အသုံးပြုလာသည့် ဝမ်ရိပေါ်သည် အခုပေးလိုက်သောဧကရာဇ် ၏ ကြေးဒင်္ဂါးတွေကို မြင်လည်း မမြင်ဖူးဘူး။
ခမည်းတော် ဧကရာဇ်က ကိုယ့်ကို အတော်မျက်မုန်းကျိုးနေပုံ ရသည်ဟုတောင် ဝမ်ရိပေါ်က ခမည်းတော် အပေါ် ခပ်ချဥ်ချဥ် တွေးမိသေးသည်။
ခမည်းတော်ရဲ့ ချီးမြှောက်ခြင်း ခံခဲ့ရဖူးသည့် ရှောင်းကျန့်ကလည်း ကိုယ်နှင့် အတူ ဒုက္ခခံရမည်ဆိုတော့ ဝမ်ရိပေါ်အတွက် အဆင်မပြေပေမဲ့လည်း မဆိုးပါဘူး။
သာမန် အရပ်သား ပုံစံဖြင့်သာ နေထိုင်ပြီး ကိုယ့် ရာထူးအစစ်အမှန်ကိုပါ ဖုံးကွယ်ထားရမည်ဟု ခမည်းတော် က မှာကြားထားသည်မို့ နယ်စပ်သို့ ခါတိုင်းလို မြင်းတို့ ဝေါယာဥ် တို့ဖြင့် သွားခွင့်မရှိဘဲ ခြေလျင် ခရီး အဖြစ်သာ သွားရမည်။