'ဂွမ်းးးး၊ခလွမ်း.......'
အိမ်မက်လိုလို တကယ်လိုလို အိုးခွက်သံပေါင်းစုံကြောင့် "စိုင်းထနှောင်း"တစ်ယောက် မှုန်တစ်ဝါးအိမ်မက်ထဲမှ ရီဝေဝေနိုးထလာလေသည်
'ဒုန်းးးးးးးး'
ဒီတစ်ခါအသံကတော့တကယ်ကျယ်လောင်လွန်း၍ "စိုင်းထနှောင်း"၏ ရီဝေဝေဖြစ်နေသောအသိတစ်ချို့သည်အလျင်အမြန်ပြန်စုစည်းမိ၍လက်ရှိအခြေအနေသို့ အခြေတည်ပြန်ရောက်လာလေပြီ
ဒီနေ့သည် "စိုင်းထနှောင်း"၏ ခြေလှမ်းအသစ်ဖြင့်ဘဝအသစ်ကို "ရေသစ်ဦး" ဆိုသောအမျိုးသားဖြင့်နှစ်ကိုယ်တူစတင်လျှောက်လှမ်းရမည့်နေ့ရက်ဖြစ်လေသည်
ဤတိုက်ခန်းတွင် အခုလက်ရှိသူတို့နှစ်ဦးပဲရှိရာမနက်စောစောစီးစီးအစီအရီထွက်ပေါ်နေသောသာယာနာပျော်ဖွယ်အသံများသည် သူ၏နှစ်ယောက်မရှိသောအသစ်စက်စက်လင်တော်မောင်ကြောင့်ပင်ဖြစ်ရမည်
'"ရေသစ်" ငါတို့အိမ်တစ်အိမ်ပဲကွက်ပြီးလေပွေဝင်သွားတာလား'
မနေ့ကနှင့်ခြားနားစွာ လွန်စွာရှုပ်ပွနေသောမီးဖိုခန်းထဲဝင်လာပြီးနောက် "စိုင်း"၏အမေး
ခါးမှာArponကြီးဝတ်လျှက် ဟင်းချက်ဇွန်းပြားကြီးကိုင်ကာ ရှိသမျှသွားအကုန်ပေါ်အောင်ရယ်ပြနေသော "ရေသစ်"ရဲ့ပုံသည် အမေ မရိုက်အောင်မျက်နှာချိုသွေးနေသော ကလေးတစ်ယောက်နှယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
'ရော့.......အမောဖြေရေလေးသောက်လိုက်ပါဦး
ကျွန်တော်ကိုယ်တိုင်ခပ်လာတာ၊ဟီး....'
ပြောလည်းပြော မျက်နှာချိုလည်းသွေးရသေးသည်
"ရေသစ်"ဖွထားသောမီးဖိုးခန်းကိုရှင်းပေးပြီးနောက်မနက်စာအတွက် ထမင်းနှင့်ကြက်ဥမွှေးမွှေးလေးကြော်ကျွေးသောသူ့၏အိမ်ဦးသခင်လေးသည်မနက်စောစောစီးစီးသန့်ရှင်းရေးလုပ်လိုက်ရသဖြင့်စူပုပ်နေသည်လေ
'ဒီမှာထိုင်စောင့်နေနော် ကျွန်တော်"စိုင်း"စားဖို့အတွက်ပါတစ်ခါတည်းထည့်လာပေးမယ်'
အဖြေစကားပြန်မလာသော်လည်း အလိုက်တသိသုတ်ခြေထ၍စားတော်တည်ခင်းပေးရလေသည်စားပွဲပေါ်တွင်ကြွေပန်ကန်ဖြူဖြူလွှလွှနှင့်ထည့်ထားသောထမင်းကြော်ပန်ကန်နှစ်ချပ်ရယ် ကြက်ဥကြော်ထည့်ထားသောပန်ကန်ပြားတစ်ချပ်ရယ်အတည်တကျနေရာယူထားလေသည် "စိုင်း"၏လက်ရာများထဲတွင် "ရေသစ်" အကြိုက်ဆုံးထဲမှတစ်ခုသည်ကြက်ဥကြော်ကထိပ်ဆုံးမှပါဝင်သည် အနှစ်မကျတ်အောင်ကြော်ထားသောကြက်ဥကြော်လေးနှစ်လုံးသည် တိမ်ဖြူများကြားမှထွန်းတောက်နေသောနေဝင်းပမာလှပ၏