Zawgyi

391 14 2
                                    

ဒီဇင်ဘာလဟာ သိပ်မုန်းဖို့ကောင်းပါတယ်။ အထီးကျန်ဖို့ကောင်းတဲ့ ညတာရှည်တွေ၊ တအိအိ ကျဆင်းနေတဲ့ နှင်းတွေ၊ ကင်းမဲ့တဲ့ အနွေးဓာတ်တွေ ဘယ်လောက်တောင် အကျည်းတန်လိုက်သလဲ။

ဒီဇင်ဘာရဲ့ နှင်းတွေခြယ်တဲ့ ချယ်ရီလမ်းထက် Seungmin လျှောက်သွားနေမိသည်။ တနင်္ဂနွေနေ့ဖြစ်၍ ခြေလှမ်းတွေကတော့ ဘုရားကျောင်းဆီ ဦးတည်နေသည်။

မှားယွင်းစွာ ရွေးချယ်မိတဲ့ လမ်းဟောင်းလေးဟာ တစ်ချိန်က အမှတ်တရတွေကိုလည်း ပြန်ဆောင်ကြဉ်းလာခဲ့ပြန်ပါတယ်။

လွန်ခဲ့သော သုံးနှစ်ကျော်။
ဒီဇင်ဘာလ တတိယမြောက်နေ့။

လမ်းမထက် နှင်းတွေက တအိအိကျဆင်းနေသည်။ ပန်းမန်တွေကလည်း နှင်းမှုန်တွေနှင့် အဖြူရောင်ခြယ်လို့။
ကျောရိုးတစ်လျှောက် တစိမ့်စိမ့် တိုးဝင်လာတဲ့ ဆောင်းလေကလည်း ခက်ထန်လွန်းပါတယ်။

ဝတ်ဆင်ထားတဲ့ အင်္ကျီဟာ ဒီအအေးဒဏ်ကို အံမတုနိုင်တာတော့ အမှန်ပါပဲ။ အေးစက်နေတဲ့ လက်ဖျားတွေကို ဖုံးကွယ်ဖို့ လက်နှစ်ဖက်ကို ​ဘောင်းဘီအိတ်ကပ်ထဲ ဝှက်ထားမိသည်။ ဒါပေမဲ့ အအေးဒဏ်ကြောင့် နီရဲနေတဲ့ နားရွက်နှစ်ဖက်ကတော့ အကူအကယ်မဲ့စွာ သရုပ်ပျက်နေသည်။

အနည်းငယ် တုန်ခိုက်နေတဲ့ ခန္ဓာကိုယ်လေးရယ် ၊ အေးလွန်းလို့ ခပ်တိုးတိုး ညည်းတွားမိတဲ့ အသံငယ်လေးတွေရယ် အတူယှဉ်လျှောက်နေတဲ့ Hyunjin ရဲ့ အာရုံကို ရရှိသွားပုံပါပဲ။

"Min အေးနေတယ်မလား? ဆောင်းတွင်းကြီးကို ထူထူထဲထဲ ဝတ်မလာဘဲနဲ့။"

အကြီးတစ်ယောက်ပီပီ ဆူလိုက်ရင်း သူဝတ်ဆင်ထားတဲ့ ဆွယ်တာဖြူလေးကို ချွတ်ပေးလာတယ်။ Hyunjin ကိုယ်ပေါ်က ဆွယ်တာလေးက အခုတော့ Seungmin ထံ၌။ အအေးမမိအောင် ရင်ဘတ်ကြယ်သီးများကိုပင် ကိုယ်တိုင် တပ်ပေးသွားပါသေးသည်။

"ကျေးဇူး Jin"

Seungmin ပြုံးပြမိတော့ Hyunjin က ခေါင်းညိတ်ပြလာတယ်။ တစ်လှမ်းနှစ်လှမ် ခြေလှမ်းတွေက ဘာလိုလိုနဲ့ ကျောင်းရောက်ပြီဖြစ်သည်။

ဒါကို သတိမမူမိတဲ့ Seungmin ကတော့ သူ့ရဲ့ ကိုယ်ပိုင်အတွေးကမ္ဘာလေးထဲ မေ့မြောလို့ကောင်းနေတုန်း။
အရူးတစ်ယောက်လို အကြောင်းမဲ့စွာ ပြုံးနေမိသည်က သူ့ရဲ့ကမ္ဘာငယ်လေးကြောင့် ဖြစ်ပါလိမ့်မယ်။

Heather • 황승Where stories live. Discover now