1.1

60 8 0
                                    

Unicode.

ရှောင်ကျန့်သည် သူ့ခေါင်းမှထိုးကိုက်မှုအနည်းငယ်ခံစားလိုက်ရသည်။

တအောင့်ကြာသည့်အခါ သူနဲ့မဆိုင်သည့်အကြောင်းအရာအချို့ကို ဟုန်ရိမှ ဖိအားပေးလက်ခံခိုင်းသည်။

ဇာတ်လမ်း :

လော့ဖုန်း။

လော့ဖုန်းသည် ​လော့အိမ်တော်၏ အဆင့်မြင့်သခင်လေးတစ်​ယောက်ဖြစ်ကာ ဇာတ်လိုက်ဆိုလည်းမမှားပေ။

လော့ဖုန်းသည် ပိုင်ဆိုင်လိုစိတ်ကြီးပြီး မောက်မာသော သခင်လေးတစ်​ယောက်ဖြစ်သည်။သို့သော် အများရှေ့တွင်တော့ စိတ်ထားကောင်းကာ ရိုးသားသည့်ဖိုးသခွားလေးအဖြစ် ဟန်ဆောင်တတ်သည်။

လော့သခင်ကြီးနှင့်သခင်မကြီးတို့ကလည်း သူတို့၏သားလော့ဖုန်းအား အထက်ပါအတိုင်း ဖိုးသခွားဟုသာ သိသည်။

ဒုက္ခရောက်နေသူအား ကူညီသူ၊နှစ်လိုဖွယ် စိတ်ထားရှိသူ၊ အစရှိသဖြင့် သူတော်ကောင်းဟုသာ ထင်မြင်သည်။

သူတို့မသိသည့် လော့ဖုန်း၏အကြောင်းကို လော့အိမ်တော်၏အစေခံအလုံးစုံက အသေအချာသိပါသည်။

သူတို့က လော့ဖုန်း၏အနိုင်ကျင့်ပုံကို တစ်နေ့တစ်မျိုးမရိုးရလေအောင် ခံစားဖူးသည်။

စီးပွားရေးကိုသာ မက်မောသော လော့သခင်ကြီး၊အပျော်အပါးနှင့်အပေါင်းအသင်းကိုသာ ခုံမင်သော လော့သခင်မကြီးတို့ကြောင့်သာလျှင် လော့ဖုန်းသည် ဤကဲ့သို့ အ​​ခြေအနေဆိုးရွားလာခြင်းပင်ဖြစ်သည်။

လော့ဖုန်း၏ ညီအစ်ကိုများ။

လော့သခင်ကြီးက လော့ဖုန်းလေး၁၀နှစ်အရွယ်မှာ မိဘမဲ့ဂေဟာက ကလေးငယ်တွေကို မွေးစားခဲ့သည်။

ကြီးမားကျယ်ပြန့်လှသည့် ခြံဝန်းကြီးထဲတွင် လော့အိမ်တော်က အလယ်တည့်တည့်တွင် ခမ်းနားထည်ဝါစွာတည်ရှိနေသည်မှာ နန်းတော်တစ်ခုအလား။

ခြံအနောက်ဘက်တွင်တော့ အိမ်ကြီး၏သုံးပုံပုံ တစ်ပုံမျှသာရှိသည့် နှစ်ထပ်တိုက်လေးက နေရာယူထားသည်။ထိုတိုက်လေးတွင်
လော့သခင်ကြီးက မိဘမဲ့ဂေဟာမှ မွေးစားခဲ့သော ကလေးငယ်များအပါအဝင် လော့ဖုန်းကိုပါ နေစေသည်။

NO EMOTION SYSTEM.Where stories live. Discover now