"သားငယ်..."
"ဟုတ် Omma.."
"အဆင်ပြေရဲ့လား.."
"ဟုတ် ပြေပါတယ်"
နေ့လည်ပိုင်းစာရေးဖို့ပြင်နေရင်း Mrs.Kim ဆီကဖုန်းလာခြင်းဖြစ်သည်။
"မင်း Appa ကတော့ဒေါသူပုန်ထနေလေရဲ့"
Mrs.Kim ရဲ့စကားကြောင့် Taehyung မဲ့ပြုံးပြုံးလိုက်မိသည်။
"Omma..."
"အွန်း ပြောလေ သား"
"ကျွန်တော့်ကိုတစ်ခုလောက်ကူညီပေးပါ့လား"
"အမယ် သားအမိအချင်းချင်းတောင်ကူညီပါတွေဘာတွေပြောလို့ပါလား ဘာကူညီရမလဲ ပြော"
"ကျွန်တော်ပြန်မလာခင်တိုက်ခန်းတစ်ခန်းလောက်ဝယ်ထားပေးပါ့လား အဲ့တာမှပြန်လာရင်တစ်ခါတည်းနေလို့ရမှာ"
"အမယ်လေး ဘာများလဲလို့ ရတာပေါ့ Omma နေရာကောင်းတာရှာပြီးဝယ်ထားလိုက်မယ် ဟုတ်ပြီလား"
"ဟုတ် Omma"
"နေကောင်းအောင်နေနော် သားငယ်...ဟော မင်း Appa အော်နေပြီ ဘာဖြစ်နေပြန်ပြီလဲမသိဘူး Omma သွားကြည့်လိုက်အုံးမယ် နောက်နေ့မှဖုန်းဆက်လိုက်မယ်နော်"
"ဟုတ် Omma"
Mrs.Kim ဖုန်းချသွားသောအခါ Taehyung စာရေးဖို့စိတ်မပါတော့ဘဲယောင်ချာချာဖြစ်နေလေသည်။ နောက်ဆုံးတော့ Jungkook ဆီသွားဖို့ဆုံးဖြတ်ကာရွာထဲကိုထွက်လာခဲ့တော့သည်။ နေ့လည်ပိုင်းဖြစ်နေတာကြောင့် Jungkook လယ်ထဲမှာတော့မရှိနိုင်။ အိမ်မှာရှိနိုင်သည်ဟုတွေးကာအိမ်ဘက်ကိုပဲထွက်လာခဲ့သည်။ သူထင်တဲ့အတိုင်း Jungkook တို့အိမ်ရှေ့ရောက်တော့ခြံထဲမှာကလေးတွေအပြုံလိုက်နဲ့ဆော့နေသည့် Jungkook ကိုတွေ့လိုက်ရသည်။ ရွာကခြံတွေအိမ်တွေရဲ့သဘောအရနေရာထိုင်ခင်းကကျယ်ဝန်းလှသည်။ သစ်ပင်တွေပေါများသည်။ ထိုခြံထဲမှာမှကလေးတွေနဲ့ဘောလုံးကန်ကာပြေးလွှားဆော့ကစားနေသည့် Jungkook ဟာလည်းပေါ့ပါးလွတ်လပ်နေသည်။ ထိုမြင်ကွင်းကိုမြင်သောအခါ Taehyung မှင်သေသွားပြီးခြံထဲကိုမဝင်ဘဲခြံဝကနေလိပ်ပြာလေးတစ်ကောင်လိုပေါ့ပါးလှုပ်ရှားနေသည့် Jungkook ကိုငေးကြည့်နေမိသည်။ သူနဲ့ခန္ဓာကိုယ်အရွယ်အစားချင်းကွာလွန်းလှသည့်ကလေးတွေနဲ့အတူဆော့ကစားနေသည့် Jungkook ဟာကလေးတစ်ယောက်လို။ ကြည်နူးမှုဖြင့်ပြုံးကြည့်နေမိသည့် Taehyung ဟာကလေးတစ်ယောက်ရဲ့ငိုသံကိုကြားမှအသိဝင်လာလေသည်။
YOU ARE READING
아름다운 영혼(𝙱𝚎𝚊𝚞𝚝𝚒𝚏𝚞𝚕 𝚂𝚘𝚞𝚕)
ФанфикYou're the most beautiful flower in my garden 𓂃܀❀ .*゚ {Both Unicode and Zawgyi}