အပိုင်း -၁၂

5.1K 293 2
                                    


နောက်တစ်နေ့နံနက်...

အရိပ်တို့ လူရည်ချွန်ကိုယ်ပိုင်ကျောင်းကိုရောက်သည်မှာ အခုနေ့နှင့်ဆို သုံးရက်ရှိပြီမို့ အိပ်ရာသိမ်းခြင်း၊ မျက်နှာသစ်ခြင်း၊ နံနက်စာစားခြင်းတို့ကို အချိန်ကိုက်လုပ်ဆောင်တတ်လာလေပြီ။

အင်း
ခုအချိန်လောက်ဆို ဒယ်ဒီ လေယာဉ်ကွင်းကို သွားနေလောက်ပြီလား...

ကိုယ့်ကိုယ်ကိုယ် ပင်ပန်းစေသည့် အတွေးများက အလိုလိုဝင်ရောက်လာတာကြောင့် အရိပ် ခေါင်းကိုသာခါယမ်းပစ်လိုက်သည်။

မနေ့က ဒယ်ဒီလာခေါ်တာကို မလိုက်မိတာ နောင်တရသလိုလည်းရှိသား...

ဒါပေမဲ့ ဒယ်ဒီသွားမှာကို သူတားလို့မှ မရနိုင်တော့တာလေ...
လေယာဉ်ကွင်းကို လိုက်ပို့မိရင်လည်း သူပဲစိတ်ဆင်းရဲရမှာ...

ဝေ့တက်လာသည့်မျက်ရည်များကို မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ထိန်းလိုက်ရ၏။

" ဟေ့လူ မနက်စာစားလေ ဘာလုပ်နေတာလဲ "

ရှေ့မှရှမ်းခေါက်ဆွဲပန်းကန်ကို မစားသေးဘဲ တွေတွေကြီးငေးနေသူကြောင့် မနက်စာစားရန် လွင်ပြင် သတိပေးလိုက်ခြင်းပင်။

" ဟင် ဘာလဲ ပိစိ "

" မနက်စာစားလို့ပြောနေတာလေ ဟေ့လူရ
ဘာတွေတွေးပြီးငေးနေမှန်းကို မသိဘူး "

" ငါလား အံမယ် လျှောက်တွေးနေတာ မဟုတ်ပါဘူးနော် စာထဲကအကြောင်းအရာတွေကို ပြန်တွေးနေတာပါ "

အရိပ်စကားကြောင့် လွင်ပြင်က နှုတ်ခမ်းတွန့်သည်အထိ ပြုံးလိုက်ကာ

" အပိုတွေ..."

" အတည်ပြောနေတာ ပိစိရေ ငါစဉ်းစားနေတာသိလား ရေသည်မိန်းမကလေ ဆံထုံးတော်ကြီး တမာသီးနှင့်လို့ပြောတယ်နော် တော်တော်ဆံပင်မကောင်းတာပဲ "

" အင်း အဲ့ဒီတော့..."

အရိပ်စကားကို လွင်ပြင်က စိတ်ဝင်တစားမေးလာ၏။

မှန်သားနှင့် ရာရာကလည်း ခေါက်ဆွဲစားရင်းမှ စိတ်ဝင်တစားကြည့်လာချိန် အရိပ်က ခပ်တည်တည်ဖြင့်

" ငါ့အထင် အပျိုလေးတန်မဲ့ ဆံပင်တွေဒီလောက်ပျက်စီးနေတာ hair treatment ကောင်းကောင်းမလုပ်ခဲ့ရဘူးထင်တယ်သိလား သနားပါတယ်ကွာ shampooကောင်းကောင်းသုံးသင့်တာကို "

Cupid's Compass (Completed )Donde viven las historias. Descúbrelo ahora