Ep 7

311 15 1
                                    


Uni

ချန်ဟွားနန်းဆောင်တွင်တော့(ထိုက်ဟုတ်နန်းဆောင်)

"သားတော် အခုမင်းလုပ်လိုက်တာကို နဲနဲလေးမှ နောင်တမရဘူးလား!"

"ဟင့်အင်း မယ်တော် သူက သားတော်ချစ်တဲ့သူမို့ ကြင်ယာတော်မြှောက်ခဲ့တာပါ အဲ့အတွက်လဲ သားတော်နောင်တမရဘူး ပြီးတော့ မယ်တော်ဘဲပြောခဲ့တယ်လေ သားတော်ချစ်တဲ့သူကို ဧကရီမြှောက်ရင်လက်ခံပေးမယ်ဆို"

"ဒါပေမဲ့ သားတော် သူက မင်းအတွက် နန်းသွေးမလွယ်ပေးနိုင်ဘူး နောက်ပြီး ဘယ်ကလာမှန်းမသိတဲ့ ကောင်လေးတစ်ယောက် မယ်တော်ကတော့ သားကို မျိုးရိုးမြင့်က သမီးပျိုတစ်ယောက်နဲ့နန်းသွေးယူစေချင်တယ်"

"မယ်တော်က အတ္တကြီးနေတာဘဲ ဒါပေမဲ့ သားတော်ကတော့ သူတစ်ယောက်ထဲကိုဘဲ ဧကရီမြှောက်မှာပါ သူက သားတော်ရဲ့ တစ်ဦးတည်းသော ကြင်ယာတော်နဲ့ဧကရီဘဲ"

ပြောပြီး မယ်တော့်ကို ဂါရဝပြုကာ ထွက်လာခဲ့သည်။

အဆောင်ထဲက ထိုက်ဟုတ်မှာတော့ ဒေါသတလိပ်လိပ် ထွက်ကာ ကျန်ရစ်ခဲ့သည်။သူမစကားကိုဆို ဘယ်တော့မှမလွန်ဆန်ဘဲ နားထောင်ခဲ့တဲ့ သားတော်က အခုဒီကောင်လေးကြောင့်နဲ့ သူမကို အာခံနေပြီ။မဖြစ်ဘူး သားတော် ဒီကောင်လေးကို ဧကရီမမြှောက်စေရဘူး။

🔥🔥🔥🔥🔥🔥🔥🔥

အရှင်မင်းကြီးလဲ မယ်တော့်ဆီကနေ ထွက်လာပြီးတော့ သူ၏ခြေလှမ်းများကို ကြာနီနန်းဆောင်သို့ ဦးတည်လိုက်သည်။

ကြာနီနန်းဆောင်ဆိုတဲ့အတိုင်း ရေကန်တစ်ကန်ရှိပြီး ကြာနီများလဲ လှိုင်လှိုင်ပွင့်နေပြီး ကြာပန်းရနံများ ဖုံးလွှမ်းကာ စိတ်အေးချမ်းစရာနေရာပင်။အဆောင်ဝန်းကလဲ အတော်ကျယ်ပြီး ဥယျာဥ်လဲရှိသည်။ထိုဥယျာဥ်ထဲကိုတော့ မင်းကြီးနှင့်ထိုက်ဟုတ်အပြင် မင်းကြီး၏ကြင်ယာတော်သာ ဝင်ခွင့်ရှိသည်။

အထိန်းတော်ကြီးလဲ မင်းကြီးကို တွေ့တော့ ဂါရဝပြုကာ

"မင်းကြီး ကြင်ယာတော်က မနက်စာသုံးဆောင်နေပါတယ်"

"ကောင်းပြီ ကိုယ်တော့်အတွက်ပါ ပြင်ခဲ့"

"ဟုတ်ကဲ့ပါ အရှင်"

Wang King ' s Rabbit Empress🐇Donde viven las historias. Descúbrelo ahora