"Hey Doctor Kim..."
ဖျတ်ကနဲမော့ကြည့်လာသည့်ညိုလဲ့လဲ့မျက်ဝန်းတွေရယ်။
မထင်မှတ်ထားသည့်မြင်ကွင်းကြောင့် ပျက်ယွင်းသွားသည့် မျက်နှာလှလှ။
Mission complete!!
သေချာပေါက် KimTaeHyungက မရိုးမယွဖြစ်နေတော့မှာ။
JeonJungkookက အောင်နိုင်သူအပြုံးပြုံးသည်။
ဘာကြောင့်မှန်းရယ်မသိ တခြားတစ်ယောက်ကြောင့် ပျော်မြူးနေသည့်KimTaeHyungကို စိတ်ဒုက္ခပေးချင်မိသည်။
"ကျွန်တော်တို့ ထိုင်လို့ရမလား..doctor Kim..."
ကောင်မလေးရဲ့ ပခုံးကို ဖက်ထားသည့် တက်တူးအပြည့်နှင့် လက်တစ်ဖက်။
ဘယ်လိုတောင်မုန်းစရာကောင်းလိုက်တဲ့ မြင်ကွင်းပါလဲ။
ဘာမထီသည့် မျက်နှာဘေးနှင့် ဆိုလာတဲ့JeonJungkook။
အခု သူက ဘာဖြစ်ချင်နေတာလဲ?
ဘေးနားက Thorကလည်း အခြေအနေကို အကဲခတ်နေတာကြောင့် ပျက်ယွင်းနေသည့် မျက်နှာကို ချက်ချင်းပြန်ပြင်လိုက်ကာ..
"အော...ရတာပေါ့...Jungkook shii!.."
ခပ်ပြုံးပြုံးပင်ဆိုလာတဲ့ KimTaeHyung...
အခု သူက ဘာမှ မခံစားရဘူးလား?
စိတ်ထဲ၌ တော်တော်လေးပင်အလိုမကျတော့။
ပုံမှန်သာပြုမူဆက်ဆံနေသည့် KimTaeHyungကြောင့် ဒေါသက ငယ်ထိပ်တက်စောင့်တော့မည်။"ကျွန်တော်တို့ကြောင့် အနှောင့်အယှက် မဖြစ်သွားပါဘူးနော်..."
ခပ်တည်တည်ပင်မေးလာသည့် JeonJungkook။
စိတ်ထဲ၌မူ ထိုမိန်းမအား တစဆီလုပ်ပစ်ပြီးဖြစ်သည်။
JeonJungkookက KimTaeHyungရဲ့ ခန္တီပါရမီကို စမ်းသပ်နေသလားအောက်မေ့ရတယ်။
အစကတည်းက ဒီအခြေနေတွေကို လက်သင့်ခံထားခဲ့ပြီးသားပဲမဟုတ်လား။
ကိုယ် ရူးရူးမူးမူးစွဲလမ်းစွာ ချစ်ခဲ့မိသူက နူးနူးညံ့ညံ့ က္ကိတ္ထိယမဟုတ်ပဲ ခပ်ဆိုးဆိုး playboyတစ်ယောက်မို့။
JeonJungkookရဲ့ ရှုပ်ပွေမှုတွေက မရိုးရအောင်ပါပဲ။
"မဖြစ်ပါဘူး...ဟုတ်တယ်မလား Thor....."