(Unicode)
လွန်းဝသာန်ဒီနေ့လည်း အကျင့်အတိုင်း အစောကြီးနိုးနေသည်
"သား နိုးပြီလား"
"ဟုတ် မေမေ ဆိုင်လည်းဒီနေ့တစ်ရက်တော့နားလိုက်ဦးမယ် မနက်ဖြန်မှဖွင့်တော့မယ် မေမေ စျေးကပြန်လာတာလား"
"ဟုတ်တယ် ငါးတွေဝယ်လာတယ်"
"ငါးဝယ်လာတာလား သားကြော်လိုက်မယ်လေ''
"ဟုတ်ပါပြီ အခုတော့ မနက်စာအရင်စားဦး မေမေ ထမင်းကြမ်းကြော်ထားတယ်''
လွန်းဝသာန်တစ်ယောက် မနက်စာစားသောက်ပြီး ငါးကြော်ဖို့ပြင်ဆင်လိုက်သည်
ငါးကြော်နေစဥ်မှာဘဲတီ...တီ...တီ...
"လွန်းငယ်ရေ...လွန်းငယ်''
"ကျွန်တော် နောက်ဖေးမှာ''
လွန်းဝသာန် အိမ်နောက်ဖေးကနေ ငါးကြော်ရင်းကနေ လှန်းအော်လိုက်သည်
"ဟင် လွန်းငယ် ဘာတွေလုပ်နေတာလည်း''
"ငါးကြော်နေတာလေ"
"လွန်းငယ် ခြေထောက်နာနေတာလေ ဖယ်ဖယ် မောင်ကြော်ပေးမယ်''
"ခွီး....''
လွန်းဝသာန် မြို့အုပ်မင်းသူဠေးသားလေး ငါးထိုင်ကြော်နေတဲ့ပုံကို မျက်လုံးထဲမြင်လာပြီး မထိန်းနိုင်ဘဲ ရီချလိုက်မိသည်။
"ခင်ဗျားက ကြော်တက်လို့လား''
"တစ်ခါမှတော့ မကြော်ဘူးဘူး ဆီထဲထည့်ကြော်ရုံဘဲမလား"
"ဟားဟား နေပါဗျာ ကျွန်တော့ဟာကျွန်တော်ဘဲကြော်မှာပါ''
"လွန်းငယ် ဆေးခန်းသွားရအောင် မောင်တစ်ရက်ခွင့်ယူထားတယ်"
"ဆေးခန်း...ဆေးခန်းဘာလုပ်ဖို့''
"ခြေထောက်သွားပြရအောင်လို့လေ''
"ဟာဗျာ ကျွန်တော့ခြေထောက်ကျိုးသွားတာမှမဟုတ်တာ နည်းနည်းလေးတင်နာသွားတာလေ အခုဆိုပြေးလို့တောင်ရနေပြီ နည်းနည်းလေးတောင် မနာတော့ဘူး''
BẠN ĐANG ĐỌC
ဟောဗျာ...မောင့်လွန်းငယ် {Complete}
Lãng mạnစိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"