ညနေခင်းအချိန်မှာတောင် ခြေချင်းလိမ်အောင်လျှောက်ရင်း အလုပ်ရှုပ်နေကြတဲ့ ဆရာဝန်တွေ..
" လမ်းဖယ်ပေးကြပါ! "
အလျှင်စလိုဖြစ်နေတဲ့အသံဖြင့် ခပ်ကျယ်ကျယ်အော်သံကြောင့် ချန်းယောလ်ဘေးကို ကပ်ကာ ရှောင်ပေးရင်း ကြည့်မိတော့
အသည်းအသန်ဖြစ်နေပုံရသော လူနာတစ်ယောက်ကို ဆရာဝန်နှစ်ယောက်လောက်က ဝိုင်းတွန်းလာကြသည်။
လူနာရဲ့ပေါ်မှာတက်ခွထားရင်း အသက်ရှူနိုင်အောင်ကူညီပေးနေသည့်သူက ပါးစပ်မှလည်း အဆက်မပြတ်အော်ရင်း လက်တွေကိုလည်း ခပ်သွက်သွက်လှုပ်ရှားနေသည်။
ချန်းယောလ်အခုထိ ဒီလူရဲ့ နာမည်ကို မသိရသေး..။မနေ့ညကတင် သူ့နားမှာ လာအိပ်နေသည့်သူက မနက်ရောက်တော့ အစတောင်ရှာမရအောင် ပျောက်သွားခဲ့သည်။
အရေးပေါ်အော်ကာ ထွက်သွားတဲ့ တွန်းလှည်းကို ချန်းယောလ်နည်းတူ ဘေးမှလူတွေပါ လှမ်းကြည့်နေကြ၏။
" ချန်းယောလ်ရှိီ "
သူ့နာမည်ခေါ်သံကြောင့် လှည့်ကြည့်မိတော့ သူနာပြုမလေးတစ်ယောက် အနားကိုလျှောက်လာသည်။
" အခန်းကို ပြန်မလို့မလား ချန်းယောလ်ရှီ "
" ဟုတ်ကဲ့ "
" အာ..အဲ့တာဆို ကျွန်မလိုက်ပို့ပေးပါ့မယ်။ ကျွန်မလဲ အဲ့ဘက်ကို သွားရမှာဆိုတော့ "
သူချက်ချင်း ခေါင်းကိုငြိမ့်ပြကာ သဘောတူလိုက်တယ်။အတော်ပဲ သူ့မှာလည်းမေးစရာတွေ ရှိနေသည်လေ။
" ဒါနဲ့..ခုနက အရေးပေါ်ထွက်သွားတဲ့ ဆရာဝန်လေးလေ..လူနာရဲ့ အပေါ်က အော်ပြီးထွက်သွားတဲ့...."
" ဒေါက်တာ ဗြောင်ကိုပြောတာလား? "
" ဒေါက်တာဗြောင်? "
"ဟုတ်တယ်လေ...ဟိုနေ့က အတူရောက်လာခဲ့ကြတာမဟုတ်ဘူးလား "
အတူရောက်လာတယ်?ဘယ်သူလဲ..သူကလား?
ချန်းယောလ်ရဲ့ အံ့သြသွားတဲ့ပုံစံကြောင့် သူနာပြုမလေးက ကြောင်သွားပုံပင်။
" ဒေါက်တာဗြောင်ဘတ်ဟျွန်းကို ပြောနေတာ မဟုတ်လား..ကျွန်မတို့ ဆေးရုံမှာ ဗြောင်မျိုးရိုးဆိုလို့ အဲ့ဒီဒေါက်တာတစ်ယောက်ပဲရှိတာ "
YOU ARE READING
Until You