ဒီရက်ပိုင်းတွေအတွင်းJeonJungkookက သိပ်ကိုအလုပ်ရှုပ်နေသည်။
Companyနဲ့ပတ်သတ်တဲ့အချက်လက်တွေ လေ့လာသင်ယူနေရတာကြောင့် Eunwooတို့နှင့်တောင် မတွေ့အားတော့။
တစ်သက်လုံး ပေါ်ကျော့နေလာခဲ့သမျှက ဒုက္ခကောင်းကောင်းတွေ့တော့သည်။
ဒယ်ဒီနဲ့companyကိုလိုက်ပြီး အစကနေလေ့လာသင်ယူရသည်။
"J collection"နဲ့အပြိုင်ဖြစ်နေသော "UE"Group။
အဲ့ဒီUEက CEOက စီးပွားရေးမှာ သွက်လက်ထက်မြက်သည့် ကျားတစ်ကောင်။
UEရဲ့CEOဆိုသည့်လူကို တစ်စက်ကလေးမှကြည့်မရ။
အကြောင်းပြချက်မရှိဘဲ မုန်းသည်။
အလကား...သူတော်ကောင်းယောင်ဆောင်နေတဲ့အသားစားကျား။
အဲ့ဒီလူက Hansungဆေးရုံရဲ့ ဒုတိယအများဆုံးရှယ်ရာရှင်။
ဒီယုန်မြင်လို့ ဒီချုံထွင်တာ အသိသာကြီး။
အဲ့ဒီလူ KimTaeHyungကို ကြည့်နေတဲ့မျက်ဝန်းတွေက ဖောက်ထုတ်ချင်စရာကောင်းလှသည်။
ဘုရားသခင်က KimTaeHyungကို ဘာ့ကြောင့်များ သိပ်လှအောင်ဖန်ဆင်းပေးထားပါလိမ့်။
KimTaeHyungက ချောမောလှပခြင်းဆိုသည့် ဝေါဟာရထက် သာလွန်နေတာ။
KimkTaeHyungအကြာင်းတွေးမိတော့ မသိလိုက်ပါပဲ နှုတ်ခမ်းပါးများကွေးညွှတ်သွားသည်အထိပြုံးလိုက်မိသည်။
စိတ်အစဥ်ကို KimTaeHyungကသာ လွှမ်းမိုးထားတာက မဖြစ်သင့်ဘူးမဟုတ်လား?
JeonJungkookက အလွှမ်းမိုးခံမည့်သူမျိုးမဟုတ်။
အချစ်မှာတစ်ခါကျရှုံးဖူးရင်တော်လောက်ရောပေါ့။
သူမ.....။
Lee Eun Sooဆိုသည့် သူမကို ဘယ်လောက်တောင်ချစ်ပေးခဲ့သလဲ..?
ရည်းစားတွေပွေရှုပ်နေအောင်တွဲခဲ့ဖူးပေမယ့် Lee Eun Sooဆိုသည့်သူမ နှင့်တွေ့မှ အချစ်မှာကျရှုံးသွားခဲ့ဖူးသည်။
အရာရာတိုင်းကို သူမစိတ်တိုင်းကျသာဖြစ်စေခဲ့တာ။
မာနကြီးတဲ့JeonJungkookက သူမရှေ့မှာ အရူးလိုမျိုး ဒူးထောက်ခစားခဲ့တာ။