part1

7.5K 267 6
                                    

Who Am I for you?
Part 1 (short story)

ရိပေါ လုပ်လက်စ အလုပ်တွေပြီးတာနဲ့ ယူနီဖောင်းကို ချွတ်လဲဖို့ အဝတ်စားလဲခန်းထဲ ဝင်လာလိုက်တယ်.....အဝတ်စားထဲတဲ့ အကန့်လေးထဲ က ဖုန်းကို ထုတ်ကြည့်မိတော့ နီရဲနေတဲ့ Miss call ပေါင်းများစွာ  ...ဟူး..ရိပေါ လေပူတစ်ချက်သာမူတ်ထုတ်ပြီး အဝတ်စားလဲလိုက်တယ်....

ရိပေါ အခု လုပ်နေတာက စားသောက်ဆိုင်တစ်ဆိုင်မှာ စားပွဲ ထိုးအလုပ် ည ၈နာရီခွဲဆို ဆိုင်ကပိတ်တယ်.....

ရိပေါက အသက် ၁၉နှစ်ကျော်နဲ့ ရုန်းကန်ရတဲ့  ဘဝက မသေးလှ....ရိပေါတို့ ငယ်ငယ်က ချမ်းသာခဲ့ပေမယ့် ပါးရဲ့ လုပ်ငန်းထိုးကြသွားချိန်ရောက်တော့ ပါးကတော့ စိတ်ဓာတ်ကျကာ လောကကြီးကို နူတ်ဆက်သွားလေတယ်.....မားက လည်း အခုဆို စိတ် ကျရောဂါဖြစ်နေတဲ့ အပြင် ကျောက်ကပ်ပါ မကောင်းတာမို့ ဆေးရုံကို အိမ်ဦးနဲ့ ကြမ်းပြင်လိုသွားနေရတယ်....

ရိပေါ စိတ်ညစ်စွာ ဆေးလိပ့်တစ်လိပ့်ကို ထုတ်လို့ မီးညိုရင်း ဆေးလိပ့်လေးသောက်ရင်း လမ်းလျှောက်လာလိုက်တယ်.....

လမ်းဘေး ခုံလေးမှာ ဝင်ထိုင်ရင်း ခေါ်ဆိုထားတဲ့ ဖုန်းကို ခေါ်လိုက်တယ်.....

.....ဟယ်လို....

.....သြော်ဖုန်းခေါ်ဖော်ရသေးတယ်ပေါ့ ငါက မင်းထွက်ပြေးပြီထင်လို့ မင်း အမေဆီသွားမလို့..

Yb........ခင်ဗျားမားဆီ သွားလည်းဘာမှရမှာမဟုတ်ဘူး.....ကျွန်တော် တို့ ရက်ချိန်းပြောထားတာ မပြည့်သေးဘူးလေ....

......ငါသိပါတယ် ကောင်လေးရ....မင်း အတွက် အလုပ်တစ်ခုရှိတယ် ငွေကောင်းလည်းရမယ်.....

Yb.......ဟားဟား ခင်ဗျားလိုလူက သဘောတွေ ကောင်းနေတာ ယုံနိုင်ဖွယ်မရှိဘူး....

.....ငါက ကောင်းချင်လွန်းလို့မဟုတ်ဘူး...ငါအကြွေးရချင်လွန်းလို့....

Yb......ပြောကြည်လေ ခင်ဗျား အလုပ်က ဘာလဲ....

.......ok မနက်ဖြန်ဒါဆို ငါလိပ်စာပို့​တဲ့ နေရာကိုလာခဲ့....

Yb.......ကောင်းပြီလေ....

ရိပေါ ဖုန်းကို ချပြီးဆေးလိပ်ကို ကုန်အောင်ဆက်သောက်နေလိုက်တယ်....တော်ပါတော့ ကံကြမ္မာ ရာ ဘယ်လောက်တောင်ငါကို ပြိုလဲအောင်လုပ်ချင်နေတာလဲ.....

Who Am I for You Zhanyi (Zsww) ( completed) Where stories live. Discover now