အမှောင်

4.5K 99 4
                                    

အိမ်အပြင်ဘက်မှာ လေသံမိုးသံတွေတဝုန်းဝုန်းဖြင့်
အတွင်းထဲမှာတော့ လူတစ်ယောက်မီးလင်းဖိုနားမှာ
ငုတ်တုတ်ထိုင်တာတစ်ယောက်ထဲ စကားပြောနေရဲ့

"အကို အဆင်ပြေရဲ့လား"

"..."

"ညီကတော့တအားကိုပျင်းနေပြီ"

"..."

"ညီမှားသွားပြီလားဟင်"

"..."

"အကိုဘာစားချငါလဲဟင်"

သူမေးခွန်းတွေမေးနေတဲ့အရာက ခေါင်းတစ်ခုရှင်းရှင်းပြောရရင်ခန္ဓာကိုယ်မှ
ဆွဲဖြုတ်ထားသောခေါင်း

တစ်ခုသောညနေခင်း

ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် စားသောက်ဆိုင်မှာ မျက်နှာချင်းဆိုင်ထိုင်ကာ ပျော်ရွှင်စွာစကားပြော၍ အစားအသောက်များစားနေကြသည်

လမ်းတစ်ဘက်ခြားကစတိုးဆိုင်ကနေသူတို့နှစ်ယောက်ကို လှမ်းကြည့်နေတဲ့ ကောင်လေးတစ်ယောက်

"အိုး..အကိုက လိမ်တတ်လိုက်တာ"

"ပြောတော့ညီကိုဘဲချစ်ပါ့မယ်ဆိုပြီး"

...........

ကျွီ...

"ညီ မီးတွေဘာလို့ပိတ်ထားတာတုန်း
မှောင်မှောင်မဲမဲနဲ့ကွာ ခြင်ကိုက်တော့မှာဘဲ"

"ကို"

ညီအသံမှာ ကြောက်ဖို့ကောင်းစွာအေးစက်နေသည်

"ကို ညီ့ကိုညာတယ်"

"ညီဘာပြောတာလဲ ကိုဘာကိုညာတာ"

ညီက ကို့ဘေးနားကိုအမြန်ကပ်လာသည်
ကိုလည်းလန့်သွားကာ ကြမ်းပြင်ပေါ်သို့ ထိုင်ချသွားမိသည်

"အကို့ ကိုအရမ်းချစ်တာဗျာ"

မျက်နှာကိုလက်တစ်ဖက်ဖြင့်ပွတ်သပ် နေသောညီကြောင့် သူငြိမ်နေလိုက်သည်
ဒီတစ်ခါသူဘာကိုအလိုမကျ‌ဖြစ်နေတာပါလိမ့်

လည်ပင်းကစူးခနဲနာကျင်မှုနဲ့အတူ တစ်ကိုယ်လုံး ခွန်အားမဲ့ကာ ‌ပုံလျက်လဲကျသွားသည်

သူ့စိတ်ထဲအခုထိ နားမလည်နိုင်သေးပေ
ညီဘာလို့ဒီလိုလုပ်နေရလဲဆိုတာကို သူအဖြေကိုသိချင်မိသည်

BoazWhere stories live. Discover now