အပိုင်း - ၁၇၃

1.2K 91 0
                                    

Unicode

အပိုင်း  ၁၇၃ ငါ့အတွက် ခံစားချက်နည်းနည်းလေးတောင် ရှိမနေဘူးလား။


ထိုစကားကို သူမကြားရလိုက်သောအခါတွင် ပိုင်မိန်ကျောင်း၏ မျက်နှာမှ အရောင်သည် နံရံပေါ်ရှိ ဆေးအဖြူထက်ပင် ပိုဖျော့သွားရသည် ။

သူတို့ပတ်ဝန်းကျင်က ခိုးနားထောင်သူတွေကလဲ  တအံ့တသြ
ထို၀ိုင်းကို ကြည့်နေကြသည်

ငါတို့ရဲ ကွန်ဒို ?

ငါတို့ရဲ့? ကွန်ဒို ?????

ဒါဆို  မုရှောင်းရှောင် က သခင်လေးကျဲ နဲ့ နေတာလား။
အတူနေကြတာလား။

"မခေါ်ဘူး၊ ငါမလုပ်ဘူး။"

ယင်းရှောင်ကျဲ  မျက်ခုံးပင့်လိုက်ပြီး သူ့ဘေးရှိ ပိုင်မိန်ကျောင်းဘက်သို့ လှည့်လိုက်သည်။

"မင်း အဲ့ဒီလို ပြောခဲ့တာလား?"

သူ့အကြည့်တွေက အေးစက်ပြီး စူးရဲကာ  သေမိန့်ချတော့မယ့် နတ်ဆိုးတစ်ကောင်လို ဖြစ်နေသည်။

မမျှော်လင့်ထားတဲ့ မေးခွန်းတွေရော တုံပြန်မှု တွေကြောင် ပိုင်မိန်ကျောင်း  လက်နှစ်ဘက်နှင့် ခေါင်းကိုပါ အလျင်အမြန် ခါယမ်းလိုက်သည်။

"မဟုတ်ဘူး! ညီပြောတာမဟုတ်ဘူး၊ ညီမ တစ်ခါမှ မပြောဖူးဘူး!"

ဟန်ချီချင်  သူမလက်ခုပ်လေး တီးကာ

  "နောက်ဆုံးတော့ အကြောက်တရားကို သိသွားပြီလား? နင်  လိမ်နေတဲ့အချိန် အကျိုးဆက်တွေကို ဘာလို့ မစဉ်းစားခဲ့တာလဲ"

ယင်းရှောင်ကျဲ၏လက်ကို ဖက်ထားရင်း ပိုင်မိန်ကျောင်း ၏ မျက်လုံးများသည် မျက်ရည်များဖြင့် ပြည့်နှက်နေသည်။

"ကိုကိုကျဲ ၊ ညီမတကယ်မပြောတာပါဘူး။ညီမကို ယုံ ပေးပါလားနော် "ဟု

သနားစရာကောင်းတဲ့ မျက်နှာနဲ့ ပိုင်မိန်ကျောင်း ပြောကာ မုရှောင်းရှောင် အား မုန်းတီးတဲ့    အရိပ်အယောင်ကို  အပြည့်ဖြင့်

"မနေ့ညက ကိုကိုကျဲနဲ့ ငါ အတူတူရှိနေတယ်လို့ပဲ ပြောခဲ့တာ။ ကိုကိုကျဲ ရဲ့အိမ်ကို ငါရောက်သွားတယ်လို့ မပြောဖူးဘူး။ ငါ့ကို  မတရား မစွပ်စွဲနဲ့!"

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now