အပိုင်း- ၁၃

4.6K 280 0
                                    

လူရည်ချွန် ကိုယ်ပိုင်ကျောင်း၏ ဧည့်ခန်းထဲတွင် ဖုန်းပြောနေသည့် အရိပ်

တစ်ဘက်က ပြောသမျှကိုလည်း 'ဟုတ်ကဲ့' တစ်လုံးသာဆောင်ကာ 'ဟုတ်ကဲ့' အဖြေစက်ကြီးကို ဖွင့်ထားသည့်ပမာပင်...

သုံးမိနစ်ခန့်မျှ ဟုတ်ကဲ့ချင်းထပ်အောင်ဖြေပြီးချိန်တွင်တော့ တစ်ဘက်မှ သူ့ရဲ့' ဟုတ်ကဲ့' ကို မကြားနိုင်တော့ပုံရစွာ ဖုန်းချသွားလေတော့သည်။

Overseas callဖြစ်သော်ငြား တစ်ဘက်မှဖုန်းခေါ်ခြင်းမို့ တစ်ကျပ်တစ်ပြားမှမကုန်သည့်ဖုန်းလေးကို တီချယ့်ထံပြန်အပ်လိုက်ရင်း အပေါ်သို့ ပြန်တက်လာခဲ့သည်။

သူ့နားထဲတွင်တော့ ဖုန်းပြောစဉ်က စကားတို့က နားထဲတဝဲလည်လည်

ဒယ်ဒီ Los Angeles ကိုရောက်သွားပြီ ဖြစ်သည့်အကြောင်း၊ အရာရာအဆင်ပြေကြောင်းနှင့် ကျန်းမာရေး ဂရုစိုက်ဖို့အကြောင်း....

သား ကြားချင်တာ ဒါတွေမဟုတ်ဘူး...
ပိတ်ရက် အိမ်ပြန်တဲ့အခါ ဆီးကြိုမဲ့ဒယ်ဒီ

ကျောင်းကအကြောင်းတွေ ပြန်ဖောက်သည်ချတဲ့အခါ ပြုံးပြုံးလေး နားထောင်ပေးမဲ့ဒယ်ဒီ

ပိတ်ရက်မပေးလို့ မပြန်ရတဲ့အခါ မိနစ်ပိုင်းပဲဖြစ်ဖြစ် အလုပ်ကနေ အချိန်လုပြီး လာတွေ့ပေးမဲ့ဒယ်ဒီ

စာတွေမရလို့ စိတ်ညစ်ကြောင်း ငြီးတွားတဲ့အခါ ခေါင်းလေးကိုပုတ်လို့ အားပေးစကားဆိုမဲ့ဒယ်ဒီ

အမှတ်တွေကောင်းလို့ report card ပြတဲ့အခါ ဂုဏ်ယူအပြုံးနဲ့ ချီးကျုးလို့လက်မှတ်ထိုးပေးမဲ့ ဒယ်ဒီ

ဒီလိုဒယ်ဒီကိုသာ လိုအပ်ကြောင်းကိုတော့ အရိပ်မပြောပြဖြစ်တော့ပါ။

အရိပ် လှေကားပေါ်တက်လာချိန် အပေါ်ထပ်မှဆင်းလာသည့် ရာရာနှင့် တည့်တည့်တိုးတော့သည်။

" ဟာ အရိပ် အတော်ပဲ လာခဲ့ "

ရာရာက လှေကားပေါ်တက်နေဆဲ အရိပ်ကို လှမ်းဆွဲကာ အောက်ထပ်ဆီခေါ်သွားတာကြောင့်
အရိပ် ဘုမသိဘမသိဖြင့် အောက်ထပ်သို့ ကန့်လန့်ကန့်လန့်ဖြင့် ပြန်ပါသွားရတော့သည်။

Cupid's Compass (Completed )Where stories live. Discover now